ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
ဟေရှာယ 61:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊ Judson Bible ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊ |
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။
ထာဝရဘုရား၌ လက်စားချေရာနေ့၊ ဇိအုန်မြို့ကို ရန်ပြုသောသူကို ဒဏ်ပေးသောနှစ် ရှိ၏။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
သင်တို့၏ဘုရားသခင်က “ငါ၏လူမျိုးတော်ကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “နှစ်သက်လက်ခံဖွယ်အချိန်၌ သင့်ကိုငါထူးပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုငါကူညီမစပြီ။ သင်သည် ပြည်တော်ကို ပြန်လည်ထူထောင်ရန်၊ လူသူကင်းမဲ့သောအမွေပြည်ကို အမွေဆက်ခံရန် ငါသည် သင့်ကို ကာကွယ်စောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်ဖြစ်စေမည်။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
သူ၏လမ်းတို့ကို ငါမြင်ပြီ။ သို့သော် ငါသည် သူ့ကိုကုသ၍ လမ်းပြပေးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူငိုကြွေးမြည်တမ်းသောသူတို့ကိုလည်းကောင်း ပြန်လည်နှစ်သိမ့်ပေးမည်။
ငါနှစ်သက်သောအစာရှောင်ခြင်းကား ဤသို့လော။ လူသည် မိမိကိုယ်မိမိနှိမ့်ချ၍ ကျူပင်ကဲ့သို့ ခေါင်းကိုကိုင်းညွတ်ကာ လျှော်တေနှင့်ပြာအပေါ်လဲလျောင်းသောနေ့လော။ ဤသည်ကို အစာရှောင်ရာနေ့၊ ထာဝရဘုရားလက်ခံတော်မူသောနေ့ဟု သင်တို့ခေါ်မည်လော။
တိုင်းတစ်ပါးသားတို့သည် သင်၏မြို့ရိုးတို့ကိုတည်ဆောက်ကြရမည်။ သူတို့၏ရှင်ဘုရင်တို့သည် သင်၏အမှုကိုထမ်းဆောင်ကြရမည်။ အကြောင်းမူကား ငါသည် သင့်ကို အမျက်ထွက်၍ ဒဏ်ခတ်သော်လည်း ကရုဏာထား၍ ကျေးဇူးပြုဦးမည်။
ထိုသို့ သင်တို့တွေ့မြင်သောအခါ သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့၏အရိုးများသည်လည်း မြက်ကဲ့သို့ သန်လိမ့်မည်။ ထာဝရဘုရား၏လက်တော်သည် မိမိအစေအပါးတို့ထံ ထင်ရှားမည်။ မိမိ၏ရန်သူတို့ကိုမူ အမျက်ထွက်တော်မူမည်။
အပျိုကညာတို့သည် ဝမ်းမြောက်ကခုန်ကြလိမ့်မည်။ လူပျို၊ လူအိုတို့လည်း ဝမ်းမြောက်ကခုန်ကြလိမ့်မည်။ ငါသည် သူတို့၏ငိုကြွေးမြည်တမ်းခြင်းကို ပျော်ရွှင်ခြင်းဖြစ်စေမည်။ သူတို့ကို နှစ်သိမ့်ပေး၍ ဝမ်းနည်းခြင်းအစား ဝမ်းမြောက်ခြင်းကိုပေးမည်။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
အကျွန်ုပ်မူကား ယာကုပ်ပုန်ကန်သောအပြစ်၊ အစ္စရေးကျူးလွန်သောအပြစ်ကို ဖော်ပြနိုင်ရန် ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုးနှင့်လည်းကောင်း၊ တရားမျှတမှုနှင့် အစွမ်းတန်ခိုးတို့နှင့်လည်းကောင်း ပြည့်ဝ၏။
ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။
ထာဝရဘုရား၏မင်္ဂလာနှစ်ကို ဟောပြောစေရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူပြီ”ဟူ၍ ဖြစ်၏။
ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်က “ငါသည် နှစ်သက်လက်ခံဖွယ်ရာအချိန်၌ သင်၏စကားကိုနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုကူညီမစပြီ”ဟု မိန့်တော်မူ၏။ ကြည့်ရှုလော့။ ယခုပင် နှစ်သက်လက်ခံဖွယ်ရာအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။