ဟေရှာယ 61:2 - Common Language Bible2 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။
ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
ထာဝရဘုရားကယေရုရှလင်မြို့အား ``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။ သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။