ဟေရှာယ 40:1 - မြန်မာ့စံမီသမ္မာကျမ်း1 သင်တို့၏ဘုရားသခင်က “ငါ၏လူမျိုးတော်ကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကို နှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible1-2 ငါ့ လူ မျိုး တို့ ကို နှစ် သိမ့် ချမ်း သာ ခြင်း ရ စေ ကြ လော့။ လ မိုင်း အ ဖြစ် စေ့ ကုန် ပြီ။ ဒု စ ရိုက် အ တွက် ဆပ် ပေး ခဲ့ ပြီ။ အ ပြစ် ရှိ သ မျှ အ တွက်၊ ငါ ထာ ဝ ရ ဘု ရား လက် တော် မှ၊ နှစ် ဆ ဒဏ် ခံ ပြီး ဖြစ် ကြောင်း၊ ယေ ရု ရှ လင် မြို့ အား မေ တ္တာ စ ကား ဖြင့် ကြော် ငြာ ကြွေး ကြော် ကြ လော့ ဟု၊ သင် တို့ ဘု ရား သ ခင် မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible1 သင်တို့၏ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။