ဣရှမေလ၏သားတို့အမည်ကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
ဟေရှာယ 60:7 - မြန်မာ့စံမီသမ္မာကျမ်း ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။ Common Language Bible ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။ Garrad Bible ကေ ဒါ ပြည် ရှိ သိုး ဆိတ် အ ပေါင်း တို့ သည် သင့် ထံ စု ရ လျက်၊ နာ ဗ ယုတ် ပြည် ရှိ သိုး ထီး တို့ လည်း သင် ဝတ် ပြု ရန် အ ဖြစ် ဖြင့် ပူ ဇော် ရာ ပ လ္လင် တော် ထက် လက် ခံ ဖွယ် ရောက် လာ သည့် ပြင်၊ ငါ့ ကျက် သ ရေ ဗိ မာန် တော် ကို ဂုဏ် ရောက် စေ လိမ့် မည်။ Judson Bible ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင်၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဖွယ်သောလက္ခဏာနှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ဘုန်းပွင့်စေမည်။ |
ဣရှမေလ၏သားတို့အမည်ကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
ထာဝရဘုရားသည် အီဂျစ်ပြည်သားတို့အား မိမိကိုသိစေတော်မူသဖြင့် ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် ထာဝရဘုရားကိုသိလာကြပြီး ယဇ်နှင့်ပူဇော်သက္ကာတို့ဖြင့် ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားအား ကတိသစ္စာပြု၍ ပြည့်စုံစေကြလိမ့်မည်။
ဘုရားရှင်က ငါ့အား “သူရင်းငှား၏နှစ်ကာလအရ တစ်နှစ်အတွင်းတွင် ကေဒါအမျိုး၏ဘုန်းအသရေအားလုံး ပျောက်ကွယ်သွားလိမ့်မည်။
တောကန္တာရနှင့် တောကန္တာရရှိမြို့များ၊ ကေဒါအမျိုးနေထိုင်သောရွာများသည် မိမိတို့အသံကို လွှင့်ကြပါစေ။ သေလမြို့သားတို့သည် ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ တောင်ထိပ်တွင် ကြွေးကြော်ကြပါစေ။
ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
အာရေဗျပြည်၊ ကေဒါပြည်တို့မှ ခေါင်းဆောင်တို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သင့်ထံမှထွက်သောကုန်ပစ္စည်းများကို သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီးတို့နှင့် လဲလှယ်ကြ၏။
နောက်ဆုံးသောကာလတွင် ထာဝရဘုရား၏အိမ်တော်တည်ရှိရာတောင်သည် တောင်တို့၏အထွတ်၌ တည်လိမ့်မည်။ တောင်ကုန်းတို့ထက် ချီးမြှောက်ခြင်းခံရ၍ လူမျိုးတို့သည် ထိုတောင်တွင် စုရုံးကြလိမ့်မည်။
အီသီယိုးပီးယားမြစ်တစ်ဖက်ကမ်းရှိ ငါ့ကိုဝတ်ပြုကိုးကွယ်သူများဖြစ်သည့် ကွဲလွင့်နေသောငါ့လူမျိုးတော်သမီးပျိုများသည် ငါ့အဖို့ ဘောဇဉ်ပူဇော်သက္ကာကို ယူဆောင်လာကြလိမ့်မည်။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။