ဟေရှာယ 6:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သရပ်တို့ထဲမှတစ်ပါးသည် ငါ့ထံသို့ပျံသန်းလာ၏။ လက်ထဲ၌ မီးညှပ်ဖြင့် ယဇ်ပလ္လင်ပေါ်မှယူသော မီးခဲတစ်ခဲပါလာ၏။ Common Language Bible ထိုအခါကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်မှမီးခဲတစ်ခဲကိုမီးညှပ်နှင့်ညှပ်၍ယူဆောင်ကာ ငါ့ထံသို့ပျံဆင်းလာ၏။- Garrad Bible စာ ရာ ပ တစ် ပါး သည် ပူ ဇော် ရာ ပ လ္လင် ပေါ် မှ ညှပ် ယူ ပြီး မီး ကျီး ကို ကိုင် လျက်၊ ငါ့ ထံ ပျံ ဝဲ ပြီး လျှင်၊ Judson Bible ထိုအခါ ကောင်းကင်တမန်သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊ |
သရပ်တို့သည် ပလ္လင်တော်၏အထက်၌ရပ်နေကြ၏။ သူတို့တစ်ပါးစီ၌ တောင်ပံခြောက်ခုစီရှိ၍ တောင်ပံနှစ်ခုဖြင့် မျက်နှာကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ခြေကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ပျံသန်း၏။
ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်ပေါ်မှ မီးခဲများကို မီးကျီးခံဗန်းနှင့်အပြည့်၊ အမွှေးနံ့သာပေါင်းအမှုန့်ကို လက်ခုပ်နှင့်အပြည့်ယူ၍ ကန့်လန့်ကာ၏အတွင်းဘက်သို့ ယူဆောင်လာရမည်။
ထို့နောက် မောရှေက အာရုန်အား “မီးကျီးခံဗန်းကိုယူ၍ ယဇ်ပလ္လင်ပေါ်ရှိမီးကို ထိုဗန်းထဲသို့ထည့်ပြီးလျှင် နံ့သာပေါင်းကိုတင်လော့။ လူထုထံသို့အလျင်အမြန်ယူသွား၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးလော့။ ထာဝရဘုရားထံမှ အမျက်တော်ထွက်သဖြင့် ဘေးဒဏ်ကျရောက်စပြုလေပြီ”ဟု ဆို၏။
ငါသည် သင်တို့ကို နောင်တအတွက် ရေ၌ဗတ္တိဇံပေး၏။ သို့သော် ငါ့ထက် ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကိုချွတ်ပေးရန်ပင် ငါသည် မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကို ဗတ္တိဇံပေးတော်မူလိမ့်မည်။
ထို့နောက် ဖြာထွက်သည့်မီးလျှံကဲ့သို့သောလျှာများသည် သူတို့ရှေ့၌ပေါ်ထွက်လာ၍ သူတို့တစ်ဦးစီအပေါ်တည်လေ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
ကောင်းကင်တမန်များနှင့်ပတ်သက်၍ “ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သူတို့အား မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏”ဟု မိန့်တော်မူ၏။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။