ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
ဟေရှာယ 6:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။ Common Language Bible ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။ Garrad Bible ငါ က၊ မ စင် ကြယ် သော နှုတ် ခမ်း ရှိ သည့် ပြင်၊ မ စင် ကြယ် သော နှုတ် ခမ်း ရှိ လူ မျိုး တွင် နေ ထိုင် လျက်၊ ဘု ရင် မင်း မြတ် ဖြစ် သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ဒိ ဋ္ဌ ဖူး တွေ့ ရ သည် မှာ၊ ငါ၌ အ ကျိုး နည်း လေ စွ။ အ မင်္ဂ လာ ရှိ သည် တ ကား ဟု ဆို သော်၊ Judson Bible ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။ |
ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
ဘုန်းကြီးသောဘုရင်ကား မည်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် ဘုန်းကြီးသောဘုရင်ဖြစ်တော်မူ၏။(စေလာ)
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။
မောရှေက ထာဝရဘုရားအား “အို အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်သည် ယခင်ကဖြစ်စေ၊ မနေ့ကဖြစ်စေ၊ ကိုယ်တော်၏အစေအပါးအား ကိုယ်တော်မိန့်ဆိုတော်မူသောအချိန်၌ပင်ဖြစ်စေ စကားပြောကောင်းသူမဟုတ်ပါ။ အကျွန်ုပ်သည် နှုတ်လေးလျှာလေးသောသူလည်း ဖြစ်ပါ၏”ဟု ပြန်လျှောက်လေ၏။
မောရှေက “အစ္စရေးအမျိုးသားများပင် အကျွန်ုပ်စကားကိုနားမထောင်လျှင် ဖာရောမင်းကြီးသည် နှုတ်လေးသောသူ အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ ပြန်လျှောက်လေ၏။
မောရှေက “အကျွန်ုပ်သည် နှုတ်လေးသောသူဖြစ်၍ ဖာရောမင်းကြီးသည် အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ပြန်လျှောက်၏။
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။
သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ထိုသို့ ငါသည် ငါ့အပြစ်၊ ငါ့လူမျိုးအစ္စရေးတို့၏အပြစ်ကို ဝန်ချတောင်းပန်၍ မြွက်ဆိုဆုတောင်းခဲ့၏။ ဘုရားသခင်၏သန့်ရှင်းသောတောင်တော်အတွက်လည်း ဘုရားသခင်ထာဝရဘုရားထံ ပျပ်ဝပ်အသနားခံခဲ့၏။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။
အစ္စရေးအမျိုးသားတို့က မောရှေအား “အကျွန်ုပ်တို့ သေကြရတော့မည်။ အကျွန်ုပ်တို့ ပျက်စီးကြရတော့မည်။ အကျွန်ုပ်တို့အားလုံး ပျက်စီးကြရတော့မည်။
မာနော်က မိမိမယားအား “ငါတို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီဖြစ်၍ အမှန်ပင်သေရတော့မည်”ဟု ဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို ဂိဒေါင် သိမြင်သောအခါ “အလို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် တွေ့ပါသည်တကား”ဟု ဂိဒေါင်ဆိုလေ၏။