ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
ဟေရှာယ 6:12 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လူတို့ကိုဝေးရာသို့ နှင်ထုတ်တော်မူ၍ ပြည်ထဲ၌ စွန့်ခွာထားသောနေရာများသာကျန်ရှိသည့်တိုင်အောင် ဖြစ်၏။ Common Language Bible ငါသည်လူတို့အားတစ်ပါးအရပ်သို့ပြောင်းရွှေ့စေ၍ ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာဖြစ်စေမည်။- Garrad Bible လူ တို့ ကို ငါ ထာ ဝ ရ ဘု ရား ကွာ ဝေး စေ၍ နေ ပြည် အ တွင်း က ထွက် ခွာ ရာ များ သည့် တိုင် အောင် တည်း။ Judson Bible ထာဝရဘုရားသည် လူတို့ကို ဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာ များစွာသောစွန့်ပစ်ခြင်း ရှိသည်တိုင်အောင်လည်းကောင်း၊ ထိုကာလသည်ကြာလိမ့်မည်။ |
ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။
ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေခြင်းဖြင့် ဘုန်းတော်ကိုထင်ရှားစေတော်မူပြီ။ ပြည်တော်၏နယ်နိမိတ်အားလုံးကို ပို၍ကျယ်ဝန်းစေတော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် အိမ်များစွာတို့သည် လူသူကင်းမဲ့လိမ့်မည်၊ ကြီးမားထည်ဝါသောအိမ်တို့သည် နေထိုင်သူကင်းမဲ့လိမ့်မည်”ဟူ၍ မိန့်တော်မူသည်ကို ငါကြားရ၏။
ငါ့အိမ်ကို ငါစွန့်ပစ်ပြီ။ ငါ့အမွေကိုလည်း ငါပစ်ထားပြီ။ ငါ့အသက်တမျှချစ်ရသောသူကို ရန်သူလက်သို့ ငါအပ်လိုက်ပြီ။
ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
မြင်းသည်တော်၊ လေးသည်တော်တို့၏အသံကြောင့် မြို့သားအားလုံး ထွက်ပြေးကြ၏။ သူတို့သည် တောနက်ထဲသို့ဝင်၍ ကျောက်ဆောင်များပေါ်သို့တက်ကြ၏။ မြို့ရှိသမျှတို့သည် စွန့်ပစ်ခြင်းကိုခံရ၍ နေထိုင်သူတစ်ယောက်မျှမရှိပေ။
ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။
အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်မေ့လျော့တော်မူပါသနည်း။ အဘယ်ကြောင့် အချိန်ကြာမြင့်စွာ စွန့်ပစ်တော်မူပါသနည်း။
“လူအပါအဝင် တိရစ္ဆာန်တို့ကို ဖျက်ဆီးပစ်မည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့အပါအဝင် တိုက်မိ၍လဲစေမည့်အရာများကို ဆိုးယုတ်သောသူတို့နှင့်အတူ ဖျက်ဆီးပစ်မည်။ ကမ္ဘာမြေပေါ်ရှိလူတို့ကို အမျိုးပြုတ်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား သူတို့ပစ်ပယ်ခံရခြင်းသည် လောကီသားတို့အတွက် ပြန်လည်သင့်မြတ်ခြင်းအခွင့်ဖြစ်လျှင် သူတို့ကို ပြန်၍လက်ခံခြင်းသည် သေလွန်သောသူတို့အသက်ပြန်ရှင်ခြင်းဖြစ်လိမ့်မည်မဟုတ်လော။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။