ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
ဟေရှာယ 52:3 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သင်တို့သည် အဖိုးမဲ့ရောင်းစားခံရသည်ဖြစ်၍ ငွေမပေးရဘဲ ရွေးနုတ်ခံရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``သင် တို့သည်ငွေဖြင့်ရောင်းချမှုကိုမခံရသော်လည်း ကျွန်ဘဝသို့ရောက်ရှိသွားကြ၏။ ထို့ကြောင့်သင် တို့အားရွေးနုတ်ရာတွင်လည်းအဖိုးငွေပေးရ လိမ့်မည်မဟုတ်။ သင်တို့သည်အခမဲ့လွတ်လပ် ခွင့်ကိုရရှိကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ အ ဖိုး မဲ့ ရောင်း ချ ခံ ရ သည့် အ လျောက်၊ ကိုယ် နေ ကျေး ကင်း လျက် ရွေး နုတ် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ဖိုးငွေကိုမရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။ |
ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူတို့အတွက် အထင်အမြင်သေးစရာနှင့် ပြက်ရယ်ပြုစရာဖြစ်စေတော်မူပါ၏။
ဇိအုန်မြို့သည် တရားမျှတမှုအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ ထိုမြို့မှ နောင်တရသောသူတို့သည် ဖြောင့်မတ်ခြင်းအားဖြင့် ရွေးနုတ်ခြင်းခံရမည်။
ငါကိုယ်တော်တိုင် ကုရုမင်းကြီးကို ဖြောင့်မတ်ခြင်းအတွက် နိုးထစေပြီ။ သူသွားရာလမ်းရှိသမျှကို ဖြောင့်ဖြူးစေမည်။ သူသည် ငါ၏မြို့ကို ပြန်လည်တည်ဆောက်လိမ့်မည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောငါ့လူတို့ကို အဖိုးအခ၊ တံစိုးလက်ဆောင်မယူဘဲ လွှတ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
လက်တုံ့ပြန်ရာနေ့ကို ငါ့စိတ်ထဲ၌မှတ်ထား၏။ ငါရွေးနုတ်ရာနှစ်သည် ရောက်လာပြီ။
သင့်ပြည်တစ်လျှောက်လုံးတွင် သင်ပြုသောအပြစ်ကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာတို့ကို လုယူဖျက်ဆီးရာအဖြစ် အဖိုးအခမဲ့ ငါပေးလိုက်မည်။
‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထိုသို့သောနည်းတို့ဖြင့် သူ့ကိုယ်သူ မရွေးနုတ်နိုင်လျှင်လည်း မင်္ဂလာရတုနှစ်ရောက်သောအခါ သူနှင့် သူ၏သားသမီးတို့သည် လွတ်မြောက်ခွင့်ရရှိမည်။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ