အရာခပ်သိမ်းအဆင်ပြေမှုအတွက်ငါ၏ အကြံအစည်ပြည့်စုံစေရန်၊ ငါကိုယ်တိုင်ပင်ကုရုဘုရင်အား လှုံ့ဆော်စေခိုင်းခဲ့၏။ သူသွားရာလမ်းမှန်သမျှကိုငါဖြောင့်ဖြူး စေမည်။ သူသည်ငါ၏မြို့တော်တည်းဟူသော ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ကာ၊ အဖမ်းခံနေရသူ၊ငါ၏လူမျိုးတော်အား အနှောင်အဖွဲ့မှဖြေလွှတ်ပေးလိမ့်မည်။ ဤအမှုတို့ကိုပြုစေရန်၊သူ့အားအဘယ် သူမျှ မငှားမယမ်း။ တံစိုးလက်ဆောင်လည်းမပေး'' ဟုမိန့်တော်မူ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်သတည်း။