ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
ဟေရှာယ 46:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုဘုရားတို့သည် ခါးကိုင်း၍ အတူတကွ ဦးညွှတ်ရ၏။ ကိုယ့်ရုပ်တုကို ကိုယ်မကယ်နိုင်ဘဲ ဖမ်းခေါ်သွားရာသို့လိုက်ပါသွားရ၏။ Common Language Bible ထိုရုပ်တုတို့သည်မိမိတို့ကိုယ်ကိုမကယ် နိုင်ကြ။ သူတို့သည်ဖမ်းဆီးသိမ်းယူခြင်းကို ခံရကြတော့၏။ ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပင်တည်း။ Garrad Bible ထို ဝန် ကို လွတ် မြောက် ခွင့် မ ပြု နိုင် ဘဲ၊ ဦး ညွှတ် ပျပ် ဝပ် လျက် ပင် သုံ့ ပန်း ခံ ရ လေ စွ တ ကား။ Judson Bible သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ထမ်းရသောဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။ |
ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုး၊ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့၏ဘုရားများသည် သူတို့ကို ကယ်ခဲ့ဖူးသလော။
သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သား၊ ကျောက်များသာဖြစ်သောကြောင့် ပျက်စီးကြလေပြီ။
သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။
ထို့ကြောင့် ကြည့်ရှုလော့။ ဘေဘီလုံမြို့ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ ရောက်လာတော့မည်။ ထိုမြို့တစ်မြို့လုံး အရှက်ကွဲလိမ့်မည်။ အသတ်ခံရသောသူအပေါင်းတို့သည် မြို့ထဲတွင် လဲကျသေဆုံးကြလိမ့်မည်။
သူသည် ထိုသူတို့ သွန်းလုပ်သောဘုရားရုပ်တုများ၊ ရွှေငွေစသောအဖိုးတန်အသုံးအဆောင်များကို အီဂျစ်ပြည်သို့ သိမ်းယူသွားလိမ့်မည်။ ထို့နောက်မှ မြောက်ဘုရင်နှင့် နှစ်ပေါင်းအတန်ကြာကင်းကွာနေလိမ့်မည်။
ယခုမူ သင်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင့်အမည်သည် ဆက်လက်တည်တံ့တော့မည်မဟုတ်။ သင့်ဘုရားဝတ်ကျောင်းရှိ သွန်းလုပ်ထားသောရုပ်တုဆင်းတုများကို ငါဖျက်ဆီးပစ်မည်။ သင်သည် ဆိုးယုတ်သောကြောင့် သင့်အဖို့ သင်္ချိုင်းကို ငါစီရင်မည်”ဟု မိန့်တော်မူ၏။
မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။
နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။