နာဟုံ 1:14 - မြန်မာ့စံမီသမ္မာကျမ်း14 ယခုမူ သင်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင့်အမည်သည် ဆက်လက်တည်တံ့တော့မည်မဟုတ်။ သင့်ဘုရားဝတ်ကျောင်းရှိ သွန်းလုပ်ထားသောရုပ်တုဆင်းတုများကို ငါဖျက်ဆီးပစ်မည်။ သင်သည် ဆိုးယုတ်သောကြောင့် သင့်အဖို့ သင်္ချိုင်းကို ငါစီရင်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 သင့် ကို ရည်၍ ထာ ဝ ရ ဘု ရား က သင့် အ မျိုး အ နွယ် တိုး ပွား ရ တော့ မည် မ ဟုတ်။ သင့် ဘု ရား ကျောင်း ရှိ ရုပ် ပွား ဆင်း တု များ ကို ငါ ပယ် ရှား လျက် ယုတ် မာ သော သင့် အ ဖို့ သင်္ချိုင်း ကို စီ မံ မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏အမျိုး မဆက်မနွယ်ရ။ ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်းကို ငါလုပ်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။