သို့မှ ထာဝရဘုရားတစ်ပါးတည်းသာ ဘုရားဖြစ်တော်မူပြီး အခြားဘုရားမရှိကြောင်းကို မြေကြီးသားအပေါင်းတို့ သိရကြလိမ့်မည်။
ဟေရှာယ 45:5 - မြန်မာ့စံမီသမ္မာကျမ်း ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုခွန်အားနှင့်ပတ်စည်းမည်။ Common Language Bible ``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။ Garrad Bible ငါ သာ လျှင်၊ ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ နေ ထွက် ရာ အ ရပ် နှင့် နေ ဝင် ရာ အ ရပ် သား တို့ သည်၊ ငါ မှ တစ် ပါး အ ခြား ဘု ရား မ ရှိ ကြောင်း ကိုလည်း ကောင်း၊ ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကိုလည်း ကောင်း၊ သိ ကြ စေ ခြင်း ငှာ၊ ငါ့ ကို သင် မ သိ လျက် ပင်၊ သင့် ခါး ကို ငါ စည်း တော် မူ ပြီ။ Judson Bible ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။ |
သို့မှ ထာဝရဘုရားတစ်ပါးတည်းသာ ဘုရားဖြစ်တော်မူပြီး အခြားဘုရားမရှိကြောင်းကို မြေကြီးသားအပေါင်းတို့ သိရကြလိမ့်မည်။
ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။
မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။
ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
ငါ၏ခြေကို သမင်တို့၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။
သူ့အား သင့်ဝတ်ရုံကိုဝတ်စေ၍ သင့်ခါးစည်းကိုစည်းစေမည်။ သင့်အာဏာကို သူ့လက်သို့ ငါအပ်မည်။ သူသည် ဂျေရုဆလင်မြို့သားနှင့် ယုဒအမျိုးအနွယ်တို့၏ဖခင်ဖြစ်မည်။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ထာဝရဘုရားက “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ သင်တို့သည် ငါ့ကိုသိ၍ယုံကြည်မည့်အကြောင်း၊ ငါသည် ထိုအရှင်ဖြစ်သည်ကိုနားလည်မည့်အကြောင်း ငါရွေးချယ်သော ငါ၏အစေအပါးလည်းဖြစ်ကြ၏။ ငါ့အလျင် မည်သည့်ဘုရားမျှမရှိ။ ငါ့နောက်၌လည်း မည်သည့်ဘုရားမျှ ရှိမည်မဟုတ်။
အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
မကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။ ရှေးယခင်ကတည်းက သင်တို့ကို ငါပြောကြားခဲ့ပြီ၊ ကြားသိစေခဲ့ပြီမဟုတ်လော။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါမှတစ်ပါး အခြားဘုရားရှိသလော။ အခြားကျောက်ဆောင်မရှိ၊ ရှိသည်ကို ငါမသိ။
ရှင်ဘုရင်တို့၏ခါးပန်းကိုဖြေချပြီး တိုင်းနိုင်ငံတို့ကို သူ့အဖို့နှိမ်နင်းပေးဖို့၊ မြို့တံခါးကို ပိတ်မထားဘဲ သူ့အဖို့အစဉ်ပွင့်နေစေဖို့ ငါကိုယ်တိုင် သူ၏ညာလက်ကိုဆွဲကိုင်ထားသောသူ ငါ၏ဘိသိက်ခံကုရုမင်းကြီးအား ငါထာဝရဘုရားက
ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကို အရှေ့အရပ်မှ အနောက်အရပ်တိုင်အောင် လူတို့သိမြင်ကြလိမ့်မည်။
ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို အောက်မေ့လော့။ ငါသာလျှင် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ ငါနှင့်တူသောဘုရားမရှိ။
“ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။
ဘေဘီလုံဘုရင်၏လက်ရုံးကို ခိုင်ခံ့စေ၍ ငါ့ဓားကို သူ့လက်သို့အပ်မည်။ သို့သော် ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးသဖြင့် သူသည် ဘေဘီလုံဘုရင်ရှေ့တွင် သေလုမြောပါးဒဏ်ရာရသူညည်းတွားသကဲ့သို့ ညည်းတွားရလိမ့်မည်။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ကိုယ်တော်မှတစ်ပါး အခြားဘုရားမရှိကြောင်း သင်တို့သိမြင်ရန် ဤအမှုတို့ကို သင်တို့အားပြသတော်မူခြင်းဖြစ်၏။
ထို့ကြောင့် အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၍ အခြားဘုရားမရှိကြောင်းကို ယနေ့ သင်တို့သိမှတ်၍ နှလုံးသွင်းကြလော့။