မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
ဟေရှာယ 42:20 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။ Common Language Bible အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။ သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်း အဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။ Garrad Bible သင် သည် များ ပြား သော အ ခြင်း အ ရာ ကို မြင် လျက် ပင်၊ ဂ ရု မ ပြု တတ်။ နား ပွင့် လျက် ပင်၊ မ ကြား တတ်။ Judson Bible သင်သည် များစွာမြင်သော်လည်း အာရုံမပြုတတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။ |
မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
သို့သော် ဖြောင့်မတ်စွာပြုကျင့်၍ မိမိတို့ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်ကို မစွန့်ပယ်သောလူမျိုးကဲ့သို့ သူတို့သည် နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်းတို့ကို သိလိုကြ၏။ ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်ကို မေးမြန်းကြ၏။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းကို နှစ်သက်ကြ၏။
ကိုယ်တော်ကလည်း “ဤလူမျိုးထံသွား၍ ‘သင်တို့သည် ကြားလျက်ပင် နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် သတိမမူဘဲ မြင်ကြလိမ့်မည်’ဟု ပြောလော့။
သူတို့သည် အကျွန်ုပ်၏စကားကိုနားထောင်ကြမည့်အကြောင်း မည်သူ့ကိုပြောရမည်နည်း၊ မည်သူ့ကိုသတိပေးရမည်နည်း။ သူတို့၏နားသည် အရေဖျားလှီးခြင်းမခံသောနားဖြစ်၍ နားမထောင်နိုင်ကြ။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မနှစ်သက်၊ ပြက်ရယ်ပြုကြ၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
သင့်စကားသည် သူတို့အတွက် ကျွမ်းကျင်စွာတီးမှုတ်၍ ချိုသာသောအသံဖြင့်သီဆိုသော သာယာနာပျော်ဖွယ်သီချင်းနှင့်တူ၏။ သူတို့သည် သင့်စကားကို နားထောင်သော်လည်း မလိုက်နာကြ။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။
သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။