ဟေရှာယ 42:20 - Common Language Bible20 အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။ သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်း အဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible20 သင် သည် များ ပြား သော အ ခြင်း အ ရာ ကို မြင် လျက် ပင်၊ ဂ ရု မ ပြု တတ်။ နား ပွင့် လျက် ပင်၊ မ ကြား တတ်။ အခန်းကိုကြည့်ပါ။Judson Bible20 သင်သည် များစွာမြင်သော်လည်း အာရုံမပြုတတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-