အကြောင်းမူကား အကျွန်ုပ်မှာ ပြောစရာစကား အများအပြားရှိ၏။ အကျွန်ုပ်အတွင်းရှိ ဝိညာဉ်သည် အကျွန်ုပ်ကို နှိုးဆော်လျက်နေ၏။
ဟေရှာယ 42:14 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အချိန်ကြာကြာ တိတ်ဆိတ်စွာနေခဲ့ပြီ။ ငါသည် နှုတ်ဆိတ်နေလျက် ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းခဲ့ပြီ။ ယခုမှာ သားဖွားသောမိန်းမကဲ့သို့ အသက်ပြင်းပြင်းရှူလျက်၊ မောပန်းလျက် အော်ဟစ်နေမည်။ Common Language Bible ဘုရားသခင်က ``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။ သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။ Garrad Bible ငါ သည် အ ဓွန့် ရှည် စွာ ချုပ် တည်း၍ ဆိတ် ဆိတ် နေ ခဲ့ ပြီ။ ယ ခု မှာ၊ သား ဖွား သော မိန်း မ ကဲ့ သို့၊ အော် ဟစ် မော ဟိုက် ရှူ ရှိုက် လျက်၊ Judson Bible ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှူ၍ ချက်ချင်း ဖျက်ဆီးမည်။ |
အကြောင်းမူကား အကျွန်ုပ်မှာ ပြောစရာစကား အများအပြားရှိ၏။ အကျွန်ုပ်အတွင်းရှိ ဝိညာဉ်သည် အကျွန်ုပ်ကို နှိုးဆော်လျက်နေ၏။
အကျွန်ုပ်ပြောမှ စိတ်သက်သာရာရတော့မည်။ နှုတ်ခမ်းကိုဖွင့်၍ ပြန်ပြောတော့မည်။
ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။
မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
ဤသို့ဖြစ်လျက်ပင် ကိုယ်တော်သည် ငြိမ်ငြိမ်နေတော်မူမည်လော။ အို ထာဝရဘုရား၊ တိတ်ဆိတ်စွာနေတော်မူမည်လော။ အကျွန်ုပ်တို့ကို ပြင်းစွာနှိပ်စက်တော်မူမည်လော။
ကြည့်ရှုလော့။ ထိုအရာတို့ကို ငါ့ရှေ့မှောက်တွင်ရေးမှတ်ထားပြီ။ ငါသည် တိတ်ဆိတ်စွာမနေဘဲ ပြန်ပေးဆပ်စေမည်။ သူတို့ကို အပြည့်အဝ ပြန်ပေးဆပ်စေမည်။
တစ်ဖန် ထာဝရဘုရားက “သင်သည် ငါ့ကို ပစ်ပယ်လေပြီ။ ငါ့ကို ကျောခိုင်းသွားလေပြီ။ ထို့ကြောင့် ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ သင့်ကို သက်ညှာရသည်မှာ ငါပင်ပန်းလှပြီ။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
သင်တို့၏ဆိုးညစ်သောလုပ်ရပ်၊ သင်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထာဝရဘုရားသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သင်တို့ပြည်သည် ယခုကဲ့သို့ ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကျိန်ဆဲစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လေပြီ။
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။