Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 42:14 - Common Language Bible

14 ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ သည် အ ဓွန့် ရှည် စွာ ချုပ် တည်း၍ ဆိတ် ဆိတ် နေ ခဲ့ ပြီ။ ယ ခု မှာ၊ သား ဖွား သော မိန်း မ ကဲ့ သို့၊ အော် ဟစ် မော ဟိုက် ရှူ ရှိုက် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​သည် ကြာ​မြင့်​စွာ တိတ်​ဆိတ်​လျက်​နေ​ပြီ။ ထို​သို့​နေ၍ အောင့်​ရ​ဦး​မည်​လော။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​ကဲ့​သို့ ငါ​အော်​ဟစ်​မည်။ ပင့်​သက်​ရှူ၍ ချက်​ချင်း ဖျက်​ဆီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ​သည် အချိန်​ကြာကြာ တိတ်ဆိတ်​စွာ​နေ​ခဲ့​ပြီ​။ ငါ​သည် နှုတ်ဆိတ်​နေ​လျက် ကိုယ့်ကိုယ်ကိုယ်​ချုပ်တည်း​ခဲ့​ပြီ​။ ယခုမှာ သားဖွား​သော​မိန်းမ​ကဲ့သို့ အသက်ပြင်းပြင်းရှူ​လျက်​၊ မောပန်း​လျက် အော်ဟစ်​နေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 42:14
16 ပူးပေါင်းရင်းမြစ်များ  

ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။


ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။


သင်​သည်​ဤ​အ​မှု​တို့​ကို​ပြု​ကျင့်​သော်​လည်း ငါ​သည်​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ငါ့​ကို​သင်​နှင့်​တူ​သည်​ဟု​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သင့်​အား​ပြော​ဆို ဆုံး​မ​မည်။ သင်​၏​အ​ပြစ်​ကို​ပွင့်​လင်း​စွာ​သင့်​အား​ဖော်ပြ​မည်။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ရန် စောင့်​ဆိုင်း​၍​နေ​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​ကို အ​စဉ်​ပြု​တော်​မူ​တတ်​သည်​ဖြစ်​၍ သင်​တို့ အား​က​ရု​ဏာ​ပြ​တော်​မူ​ရန်​အ​သင့်​ရှိ တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​ကြ​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​မှု​အ​ရာ​များ​ကြောင့်​စိတ်​ထိ​ခိုက်​လှုပ်​ရှား မှု​ဖြစ်​တော်​မ​မူ​ပါ​သ​လော။ ကိုယ်​တော်​ရှင် သည်​ငြိမ်​သက်​စွာ​နေ​တော်​မူ​လျက်​ကျွန် တော်​မျိုး​တို့​အား​မိမိ​တို့​၏​ခံ​နိုင်​ရည်​ထက် ပို​၍​ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​မည် လော။


``သူ​တို့​အား​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​ခတ်​မည် ကို​ငါ​ဆုံး​ဖြတ်​ပြီး​လေ​ပြီ။ သူ​တို့​အ​တွက် စီ​ရင်​ချက်​ကို​လည်း​ရေး​မှတ်​၍​ထား​၏။ ငါ သည်​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​လျစ် လူ​ရှု​လိမ့်​မည်​မ​ဟုတ်။-


သင်​တို့​သည်​ငါ့​အား​ပစ်​ပယ်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​အား​ကျော​ခိုင်း​ကြ​လေ​ပြီ။ ငါ​သည်​အ​မျက်​ဒေါ​သ​ချုပ်​တည်း​မှု​ကို ငြီး​ငွေ့​ပြီ​ဖြစ်​သ​ဖြင့် လက်​တော်​ကို​ဆန့်​၍​သင်တို့​အား​ဖျက်​ဆီး​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။


သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''


ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-


ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သည်​နေ့​ည​မ​ပြတ် ဟစ်​အော်​တောင်း​လျှောက်​နေ​ကြ​လျှင် ဘု​ရား​သ​ခင် သည်​တ​ရား​သ​ဖြင့်​ဖြစ်​စေ​ရန်​စီ​ရင်​တော်​မ​မူ ဘဲ​နေ​မည်​လော။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား ကူညီ​မစ​ရန်​နှောင့်​နှေး​တော်​မူ​မည်​လော။-


ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သည့်​ဉာဏ်​ပ​ညာ​ဖြင့် သင်​တို့​အား​ရေး​သား​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​ဆိုင်း​သည်း​ခံ တော်​မူ​သည်​မှာ သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​တွက်​အ​ခါ​အ​ခွင့်​ပေး​ခြင်း​ပင်​ဖြစ်​ကြောင်း မှတ်​ယူ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ