ဟေရှာယ 42:15 - Common Language Bible15 ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။ အခန်းကိုကြည့်ပါ။Garrad Bible15 တောင် ကုန်း များ ပြို ပျက် ခြင်း၊ ပေါက် သ မျှ ညှိုး နွမ်း ခြင်း၊ မြစ် များ သောင် ထွန်း ခြင်း၊ အိုင် များ ခန်း ခြောက် ခြင်း များ ကို ပြု သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible15 တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေမည်။ သူတို့အပင် ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ငါသည် တောင်ကြီး၊ တောင်ငယ်များကို ဖျက်ဆီးမည်။ အပင်ရှိသမျှတို့ကို ခြောက်သွေ့စေမည်။ မြစ်များကို ကျွန်းဖြစ်စေမည်။ ရေအိုင်များကို ခန်းခြောက်စေမည်။ အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။-
သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။