ထို့နောက် ကိုယ်တော်သည် မိမိ၏အမျက်တော်ဖြင့် သူတို့ကိုမိန့်တော်မူ၍ မိမိ၏ပြင်းထန်သောအမျက်တော်ဖြင့် သူတို့ကိုထိတ်လန့်စေတော်မူကာ
ဟေရှာယ 34:2 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။ Common Language Bible ထာဝရဘုရားသည်လူမျိုးတကာတို့အား လည်းကောင်း၊ သူတို့၏စစ်တပ်အပေါင်းအား လည်းကောင်း၊ အမျက်ထွက်တော်မူသဖြင့် ပျက်စီးစေရန်အပြစ်ဒဏ်စီရင်တော်မူ လေပြီ။- Garrad Bible ထာ ဝ ရ ဘု ရား သည် လူ မျိုး ခြား တို့ အ ပေါ်၌ ဒေါ သ ကို လည်း ကောင်း၊ ချင်း တို့ အ လုံး အ ရင်း အ ပေါ်၌ အ မျက် ကို လည်း ကောင်း၊ ထား လျက်၊ ကွပ် မျက်၍ မြေ လှန် တော် မူ သ ဖြင့်၊ Judson Bible ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူတို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏။ |
ထို့နောက် ကိုယ်တော်သည် မိမိ၏အမျက်တော်ဖြင့် သူတို့ကိုမိန့်တော်မူ၍ မိမိ၏ပြင်းထန်သောအမျက်တော်ဖြင့် သူတို့ကိုထိတ်လန့်စေတော်မူကာ
ဖားသေကောင်တို့ကို အပုံလိုက် အပုံလိုက်စုပုံထားကြသဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်လေ၏။
အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။
ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
ငါ့လူမျိုးတော်တို့၊ သွားလော့။ သင့်အခန်းထဲသို့ဝင်၍ တံခါးကို ပိတ်ထားလော့။ အမျက်တော်ပြေသည့်တိုင်အောင် ခေတ္တခဏပုန်းနေလော့။
သတ်ဖြတ်မှုနေ့ကြီး၌ ရဲတိုက်များပြိုလဲသောအခါ မြင့်မားသောတောင်၊ အထွတ်အမြတ်ထားသောတောင်ကုန်း ရှိသမျှတို့ပေါ်၌ ချောင်းရေများစီးမည်။
ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုသို့ သင်တို့တွေ့မြင်သောအခါ သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့၏အရိုးများသည်လည်း မြက်ကဲ့သို့ သန်လိမ့်မည်။ ထာဝရဘုရား၏လက်တော်သည် မိမိအစေအပါးတို့ထံ ထင်ရှားမည်။ မိမိ၏ရန်သူတို့ကိုမူ အမျက်ထွက်တော်မူမည်။
ထာဝရဘုရားသည် လူသားအားလုံးကို မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း တရားစီရင်တော်မူမည်။ ထာဝရဘုရားကွပ်မျက်သောသူတို့သည် များပြားလိမ့်မည်။
ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေးအန္တရာယ်သည် လူမျိုးတစ်မျိုးမှတစ်မျိုးသို့ ရောက်သွားမည်။ ပြင်းထန်သောမုန်တိုင်းသည် မြေကြီးစွန်းမှ တိုက်ခတ်လာမည်။
ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ပြည်ကို ဝမ်းသာအားရအပိုင်သိမ်းယူခဲ့သော၊ စားကျက်မြေများကိုပါလုယူခဲ့သော အခြားတိုင်းပြည်များနှင့် ဧဒုံပြည်တစ်ပြည်လုံးကို စိတ်အားကြီးစွာဖြင့် ငါမိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။
အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။
သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။