ဟေရှာယ 30:6 - မြန်မာ့စံမီသမ္မာကျမ်း နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။ Common Language Bible ဤဗျာဒိတ်တော်သည်တောင်ပိုင်းသဲကန္တာရ တွင်ရှိသည့် တိရစ္ဆာန်များနှင့်သက်ဆိုင်သော ဗျာဒိတ်တော်ဖြစ်၏။ ကိုယ်တော်က``သံတမန် တို့သည်ခြင်္သေ့များခိုအောင်းရာ၊ မြွေဆိုးများ၊ နဂါးပျံများရှိ၍ဘေးအန္တရာယ်ပေါများ ရာအရပ်ကိုဖြတ်၍သွားရကြ၏။ ထိုသူတို့ သည်မိမိတို့အားအဘယ်အကူအညီမျှ မပေးနိုင်သည့်လူမျိုးအတွက် အဖိုးထိုက် လက်ဆောင်ပဏ္ဏာများကိုမြည်းများ၊ ကုလား အုတ်များနှင့်တင်ယူလာကြ၏။- Garrad Bible တောင် ပြည် ရှိ တိ ရ စ္ဆာန် များ ကို ရည် သော ဗျာ ဒိတ် ဟူ မူ ကား၊ သီ ဟ၊ ခြင်္သေ့၊ မြွေ ဆိုး၊ န ဂါး ပျံ ပေါ များ သ ဖြင့်၊ အ လွန် နှိပ် စက်၍ ဆင်း ရဲ သော ပြည် ကို ဖြတ် သန်း လျက်၊ မြည်း ကျော ပေါ် တွင် ဥ စ္စာ ပ စ္စည်း ကိုလည်း ကောင်း၊ ကု လား အုပ် ဘို့ ပေါ် တွင် ဘ ဏ္ဍာ များ ကိုလည်း ကောင်း၊ အ သုံး မ ပြု သော လူ မျိုး ထံ သို့ ဆောင် သွား ကြ လေ စွ။ Judson Bible ခြင်္သေ့မ၊ ခြင်္သေ့ပျို၊ မြွေဆိုး၊ ပျံတတ်သောမီးမြွေ များသဖြင့်၊ အလွန်ခဲယဉ်း၍ ဆင်းရဲသောပြည်ကို လျှောက်လျက်၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သောဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ကုလားအုတ်၏ဘို့ပေါ်မှာ ဘဏ္ဍာများကိုလည်းကောင်း တင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား။ |
သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။
သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။
သူတို့ဘဝခါးသီးရလောက်အောင်ပင် ကြမ်းတမ်းသောအလုပ်များဖြစ်သည့် သရွတ်ဖျော်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းရှိသမျှတို့၌ ခိုင်းစေ၏။ ခိုင်းစေလေသမျှတို့၌လည်း ရက်စက်ကြမ်းတမ်းစွာ ခိုင်းစေ၏။
ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
ထို့ကြောင့် သူတို့သည် မိမိတို့သိုမှီးထားသောဥစ္စာနှင့် သိုလှောင်ထားသောအရာများကို မိုးမခပင်ပေါက်ရာချောင်းတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြလိမ့်မည်။
အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုလမ်း၌ ခြင်္သေ့မရှိ။ ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင်မျှ ထိုလမ်းပေါ်သို့ မတက်လာ။ မည်သည့်တိရစ္ဆာန်ကိုမျှ မတွေ့ရ။ ရွေးနုတ်ခံရသောသူတို့သာ ထိုလမ်း၌ သွားလာကြလိမ့်မည်။
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။
သူတို့က ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပြီးလျှင် ချောက်ပေါများသောသဲကန္တာရ၊ ခြောက်သွေ့၍သေမင်းအရိပ်လွှမ်းမိုးရာ၊ နေထိုင်သွားလာသူမရှိရာ တောကန္တာရတစ်လျှောက် ပို့ဆောင်တော်မူသောထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။
“အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာမူပြီး တောင်ဘက်အရပ်ကို ဆန့်ကျင်ဟောပြောလော့။ တောင်ဘက်ရှိတောအုပ်ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
သင်သည် စားရသော်လည်း ဝလင်မည်မဟုတ်။ ဝမ်းဟာနေလိမ့်မည်။ နောက်ဆုတ်သော်လည်း လွတ်မြောက်မည်မဟုတ်။ လွတ်မြောက်လျှင်ပင် သင့်ကို ဓားလက်သို့ ငါအပ်မည်။
မြင်းနက်များကသောစစ်ရထားသည် မြောက်ပြည်သို့ ထွက်သွား၍ မြင်းဖြူများကသောစစ်ရထားသည် သူတို့နောက်သို့ လိုက်၏။ အစက်အပြောက်ပါသောမြင်းများကသောစစ်ရထားသည် တောင်ပြည်သို့ ထွက်သွားလေ၏”ဟု ဆို၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထာဝရဘုရားက မောရှေအား “မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်၌တင်ထားလော့။ အကိုက်ခံရသောသူတိုင်း ထိုမြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရမည်”ဟု မိန့်တော်မူ၏။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
မီးမြွေနှင့်ကင်းမြီးကောက်ပေါများသောအရပ်၊ ရေမရှိဘဲ ခြောက်သွေ့သောအရပ်၊ ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီး၌ သင့်ကိုပို့ဆောင်တော်မူသောအရှင်၊ သင့်အတွက် ရေကို မီးခတ်ကျောက်ထဲမှထွက်စေတော်မူသောအရှင်၊