သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
ဟေရှာယ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူကလည်း “ငါသည် ကုသနိုင်သောသူမဟုတ်။ ငါ့အိမ်၌ အစားအစာလည်းမရှိ။ အဝတ်အစားလည်းမရှိ။ ငါ့ကို လူတို့အား ဦးဆောင်သူမဖြစ်စေကြနှင့်”ဟု ထိုနေ့ရက်တွင်ပင် ပြန်ပြောလိမ့်မည်။ Common Language Bible သို့ရာတွင်ထိုသူက``ငါမလုပ်ပါရစေနှင့်။ ငါသည်သင်တို့ကိုမကယ်နိုင်ပါ။ ငါ့မှာလည်း အစားအစာနှင့်အဝတ်မရှိပါ။ ငါ့အားသင် တို့၏ဦးစီးခေါင်းဆောင်အဖြစ်မခန့်ကြ ပါနှင့်'' ဟုပြန်လည်ပြောဆိုလိမ့်မည်။ Garrad Bible အိမ် တွင် လည်း အ စား မဲ့၊ အ ဝတ် မဲ့ ဖြစ်၍ ပြည် သူ ပြည် သား တို့ အ ပေါ် တွင် ငါ့ ကို မင်း မ မြှောက် ရ ကြ ဟု၊ အ တင်း အ မာ ငြင်း ဆို လိမ့် မည်။ Judson Bible သူကလည်း၊ ငါသည် ပြုပြင်နိုင်သောသူ မဟုတ်။ ငါ့အိမ်၌မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည်သားတို့အပေါ်မှာ မင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။ |
သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။
အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။
ဧဖရိမ်သည် မိမိရောဂါကို မြင်၍ ယုဒသည်လည်း မိမိဒဏ်ရာကို မြင်သောအခါ ဧဖရိမ်သည် အဆီးရီးယားသို့ သွား၏။ ယာရက်မင်းကြီးထံသို့ လူလွှတ်၏။ သို့သော် ထိုဘုရင်သည် သင်တို့ကို မကျန်းမာစေနိုင်၊ မကုသပေးနိုင်။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
ငါတို့၏မျက်စိရှေ့တွင်ပင် အစားအစာပြတ်လပ်လေပြီ မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်တွင်လည်း ဝမ်းမြောက်ရွှင်လန်းခြင်း ဆိတ်သုဉ်းလေပြီ မဟုတ်လော။