ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
ဟေရှာယ 27:7 - မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုရိုက်နှက်သောသူအား ကိုယ်တော်ဒဏ်ခတ်တော်မူသကဲ့သို့ သူ့ကိုဒဏ်ခတ်တော်မူသလော။ သူ့ကိုသတ်သောသူတို့ အသတ်ခံရသကဲ့သို့ သူအသတ်ခံရသလော။ Common Language Bible ဣသရေလအမျိုးသားတို့သည် မိမိတို့ရန်သူ များလောက် ပြင်းထန်စွာထာဝရဘုရား၏ အပြစ်ဒဏ်ကိုမခံရကြ၊ ရန်သူများလောက် လည်းမသေရကြ။- Garrad Bible လူ မျိုး တော် သည်၊ ကိုယ် ကို ခတ် သူ တို့ ဒဏ် ချက် နှင့် အ မျှ၊ ဒဏ် ခတ် တော် မူ ခြင်း ခံ ရ ဘူး သ လော။ ကွပ် မျက် တော် မူ ခြင်း ခံ ရ သူ တို့ နှင့် အ မျှ၊ ကွပ် မျက် ခံ ရ ဘူး သ လော။ Judson Bible သူ့ကို ညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သောသူတို့သည် အသေသတ်ခြင်းကို ခံရကြသည် နည်းတူ၊ သူသည် အသေသတ်ခြင်းကို ခံရသလော။ |
ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
အစ္စရေးလူမျိုး၏အလင်းသည် မီးသဖွယ်ဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် မီးလျှံသဖွယ်ဖြစ်၏။ တစ်နေ့ချင်းတွင် ထိုဘုရင်၏ဆူးပင်၊ ချုံပင်များကို လောင်ကျွမ်းဝါးမျိုလိမ့်မည်။
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
ဧဖရိမ်ပြည်၌ ခံတပ်ရှိတော့မည်မဟုတ်။ ဒမတ်စကပ်မြို့၌လည်း အုပ်စိုးသူမင်း ရှိတော့မည်မဟုတ်။ ကြွင်းကျန်သောဆီးရီးယားလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့၏ဘုန်းအသရေကဲ့သို့ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကယ်စင်စစ် အဆီးရီးယားပြည်သည် ထာဝရဘုရား၏အသံတော်ကြောင့် ကြောက်လန့်ကြလိမ့်မည်။ ကိုယ်တော်သည် သူတို့ကို ကြိမ်လုံးတော်ဖြင့် ဒဏ်ခတ်တော်မူမည်။
“အဆီးရီးယားသည် လူ့ဓားမဟုတ်သောဓားဖြင့် ကျဆုံးလိမ့်မည်။ လူ့ဓားမဟုတ်သောဓားသည် သူ့ကိုဝါးမျိုမည်။ သူသည် ဓားဘေးမှထွက်ပြေးရမည်။ သူ၏လူပျိုတို့သည် အခိုင်းအစေဖြစ်ကြရမည်။
သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ဇိအုန်မြို့သူမြို့သားအပေါ် ဘေဘီလုံမြို့သူ ခါလဒဲပြည်သားတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်အတိုင်း သူတို့ကို သင်တို့မျက်စိရှေ့တွင် ပြန်ပေးဆပ်စေမည်”ဟု မိန့်တော်မူ၏။
ယခုမူ သင်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင့်အမည်သည် ဆက်လက်တည်တံ့တော့မည်မဟုတ်။ သင့်ဘုရားဝတ်ကျောင်းရှိ သွန်းလုပ်ထားသောရုပ်တုဆင်းတုများကို ငါဖျက်ဆီးပစ်မည်။ သင်သည် ဆိုးယုတ်သောကြောင့် သင့်အဖို့ သင်္ချိုင်းကို ငါစီရင်မည်”ဟု မိန့်တော်မူ၏။
သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။