ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
ဟေရှာယ 27:3 - မြန်မာ့စံမီသမ္မာကျမ်း ငါထာဝရဘုရားသည် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ မကြာခဏ ရေလောင်းပေး၏။ မည်သူမျှ မဖျက်ဆီးစေရန် နေ့ညမပြတ် စောင့်ရှောက်၏။ Common Language Bible ``ငါသည်ဤဥယျာဉ်ကိုအခါမလပ်စောင့် ကြပ်ကြည့်ရှုကာရေလောင်း၏။ အဘယ်သူမျှ မဖျက်ဆီးနိုင်စေရန်နေ့ရောညဥ့်ပါစောင့်ကြပ် ကြည့်ရှု၏။- Garrad Bible ဥ ယျာဉ် မှူး ဖြစ် သော ငါ ထာ ဝ ရ ဘု ရား သည်၊ မ ကြာ မ ကြာ ရေ လောင်း ခြင်း၊ ပျက် ပြား မည် စိုး၍ နေ့ ညဉ့် မ ပြတ် စောင့် ရှောက် ခြင်း များ ကို ပြု ၏။ Judson Bible ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မခြားမလပ် ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်းငှာ၊ နေ့ညမပြတ် စောင့်ရှောက်မည်။ |
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
“ကြည့်ရှုလော့။ ငါသည် သင်တို့၌လည်းကောင်း၊ နောင်လာမည့် သင်တို့၏သားစဉ်မြေးဆက်တို့၌လည်းကောင်း၊
ထာဝရဘုရားထံ အကျွန်ုပ်တောင်းလျှောက်သော ဤဆုတောင်းချက်များသည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ နေ့ညမပြတ်ရောက်ရှိပါစေသော။ နေ့စဉ်နှင့်အမျှ ကြုံနေရသော ကိုယ်တော့်အစေအပါး၏အမှုကိစ္စများနှင့် ကိုယ်တော့်လူမျိုးတော်အစ္စရေးတို့၏အမှုကိစ္စများကိုလည်း စီရင်ပေးသနားတော်မူပါစေသော။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို ကာကွယ်တော်မူမည်။ ရစ်ဝဲနေသောငှက်ကဲ့သို့ ကာကွယ်၍ ကယ်နုတ်တော်မူမည်။ ချမ်းသာပေး၍ လွတ်မြောက်စေတော်မူမည်”ဟု ငါ့အား မိန့်တော်မူ၏။
ငါသည် ဖြောင့်မတ်ခြင်းအတွက် သင့်ကိုခေါ်သော ထာဝရဘုရားဖြစ်၏။ သင့်ကို ငါခေါ်မည်။ သင့်လက်ကို ငါကိုင်ဆွဲထားမည်။ သင့်ကို ငါစောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်အဖြစ်လည်းကောင်း၊ လူမျိုးတကာအတွက် အလင်းအဖြစ်လည်းကောင်း သင့်ကို ငါခန့်ထားမည်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
ငါသည် သင်တို့အိုမင်းသည့်တိုင်အောင် ထိုသို့ပြုပေးမည့်အရှင်ဖြစ်၏။ သင်တို့ဆံပင်ဖြူသည့်တိုင်အောင် သင်တို့ကို ချီပိုးထားမည်။ သင်တို့ကို ငါဖန်ဆင်းခဲ့ပြီ။ သင်တို့ကို ငါချီမထားမည်။ ငါသည် သင်တို့ကို ထမ်းထားမည်။ ကယ်မမည်။
ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို အောက်မေ့လော့။ ငါသာလျှင် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ ငါနှင့်တူသောဘုရားမရှိ။
ထာဝရဘုရားက “နှစ်သက်လက်ခံဖွယ်အချိန်၌ သင့်ကိုငါထူးပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုငါကူညီမစပြီ။ သင်သည် ပြည်တော်ကို ပြန်လည်ထူထောင်ရန်၊ လူသူကင်းမဲ့သောအမွေပြည်ကို အမွေဆက်ခံရန် ငါသည် သင့်ကို ကာကွယ်စောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်ဖြစ်စေမည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်။ ပူပြင်းခြောက်သွေ့သောအရပ်၌ သင့်ကိုဝပြောစေလျက် သင်၏အရိုးတို့ကို သန်မာစေတော်မူမည်။ သင်သည် ရေဝသောဥယျာဉ်ကဲ့သို့၊ ရေမပြတ်သောစမ်းရေတွင်းကဲ့သို့ ဖြစ်မည်။
သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို လိုက်လံရှာဖွေမည်။
ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ ငါ့အစေအပါးဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်လိမ့်မည်။ ငါထာဝရဘုရား မိန့်တော်မူ၏။
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
ဤသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့၌ အစဉ်တည်ရှိသောအခါ ငါထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို သန့်ရှင်းစေသောဘုရားဖြစ်ကြောင်း လူမျိုးတကာတို့ သိရလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။