ယေဇကျေလ 34:24 - မြန်မာ့စံမီသမ္မာကျမ်း24 ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ ငါ့အစေအပါးဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်လိမ့်မည်။ ငါထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ဗျာ ဒိတ် တော် ချက် အ ရ ငါ ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ဘု ရား သ ခင်၊ ကျွန် တော် ရင်း ဒါ ဝိဒ် လည်း၊ သူ တို့ ဘုရင် ဖြစ် လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible24 ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်း ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရား ပြောပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
သန့်ရှင်းသောအလှူမြေနှင့် မြို့ပိုင်မြေ၏ဘေးတစ်ဖက်တစ်ချက်ရှိမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ ထိုမြေသည် အရှေ့ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အရှေ့ဘက်နယ်နိမိတ်အဆုံးထိ၊ အနောက်ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အနောက်ဘက်နယ်နိမိတ်အဆုံးထိ ဖြစ်ရမည်။ အလျားမှာ မျိုးနွယ်ပိုင်မြေနှင့်ထိစပ်ရမည်။ ထိုမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ သန့်ရှင်းသောအလှူမြေနှင့် အိမ်တော်ရှိသန့်ရှင်းရာဌာနသည် အလယ်ဗဟိုတွင်ရှိရမည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။