သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။
ဟေရှာယ 26:10 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။ Common Language Bible ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။ Garrad Bible ကျေး ဇူး တော် ကို ခံ ရ လျက် နှင့် လူ ဆိုး တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို မ သင် မ ကြား၊ ရိုး သား သော ပြည်၌ ပင် ဒု စ ရိုက် ကို ပြု ကျင့် လျက်၊ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ကို မ ထောက် မ ထား ကြ ချေ။ Judson Bible မတရားသောသူသည် ကျေးဇူးကိုခံရသော်လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ဘုန်းတော်ကို ပမာဏမပြုတတ်ပါ။ |
သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။
ကိုယ်တော်သည် သူတို့ကို အကြိမ်ပေါင်းများစွာ ကယ်နုတ်ခဲ့သော်လည်း သူတို့သည် မိမိတို့အကြံဉာဏ်အားဖြင့် ပုန်ကန်ပြီး မိမိတို့ဒုစရိုက်အားဖြင့် ယိုယွင်းနိမ့်ကျသွားကြ၏။
ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်နိုင်ရန် အကျွန်ုပ်ကိုသင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာသောမြေပြင်ပေါ်မှာ ပို့ဆောင်တော်မူပါစေသော။
သူတို့၏ဒုစရိုက်အပေါ် ဒုစရိုက်ကိုထပ်၍တိုးစေတော်မူပါ။ သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲသို့ ဝင်ရောက်ခွင့်မရှိပါစေနှင့်။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
သို့သော် အရှင်နှင့်အရှင့်အမှုထမ်းတို့သည် ထာဝရအရှင်ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသေးကြောင်း အကျွန်ုပ်သိပါ၏”ဟု ပြန်လျှောက်လေ၏။
ဖာရောမင်းကြီးသည် ထိုသို့မိုးမရွာ၊ မိုးသီးနှင့် မိုးချုန်းသံများလည်းရပ်စဲသွားသည်ကို သိမြင်လျှင် တစ်ဖန်ပြစ်မှား၍ သူနှင့်သူ၏အမှုထမ်းတို့သည် စိတ်နှလုံးခိုင်မာလျက်ရှိ၏။
အကြောင်းမူကား အသိဉာဏ်နည်းပါးသောသူတို့သည် မိမိ၏လမ်းလွဲဖောက်ပြန်မှုကြောင့် သေကြရ၏။ မိုက်မဲသောသူတို့သည်လည်း မိမိကိုယ်မိမိအားရကျေနပ်မှုကြောင့် ပျက်စီးကြရ၏။
တစ်ဖန် နေအောက်တွင် တရားစီရင်ခြင်းနှင့်ဆိုင်သောအရပ်၌ ဆိုးယုတ်ခြင်းရှိကြောင်းနှင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအရပ်၌လည်း ဆိုးယုတ်ခြင်းရှိကြောင်း ငါတွေ့မြင်၏။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
ထာဝရဘုရား၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် ကျောက်ဆောင်ထဲသို့ဝင်၍ မြေကြီးထဲ၌ပုန်းနေကြလော့။
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။
လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
အစ္စရေးအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဖမ်းခေါ်သွားခြင်းခံရသော သူတို့ကို ငါပြန်ခေါ်လာသောအခါ ယုဒပြည်၊ ယုဒမြို့ရွာတို့တွင် ‘အို ဖြောင့်မတ်ခြင်းတည်ရာ သန့်ရှင်းသောတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူပါစေ’ဟူသော ဤစကားကို တစ်ဖန် ပြောဆိုကြလိမ့်မည်။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
သူတို့ကို ဝလင်စွာကျွေးမွေးခဲ့၏။ သူတို့ဝလင်လာသောအခါ ထောင်လွှားသောစိတ်ဝင်၍ ငါ့ကို မေ့လျော့လာကြ၏။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
ထကြ။ ထွက်သွားကြ။ ဤပြည်သည် ငြိမ်းချမ်းသောပြည် မဟုတ်တော့ပြီ။ ဤပြည်သည် ညစ်ညူးသောကြောင့် ကြီးစွာသောပျက်စီးခြင်းဖြင့် ပျက်စီးရလိမ့်မည်။
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောမြို့တော်သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ ရပ်စေပြီးလျှင်
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။
ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။
ရှမွေလက “သင်သည် သင့်ကိုယ်သင် သေးသိမ်သောသူဟု ထင်မှတ်သော်လည်း အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူး ဖြစ်လာသည်မဟုတ်လော။ ထာဝရဘုရားသည် သင့်ကို အစ္စရေးလူမျိုး၏ရှင်ဘုရင်အဖြစ် ဘိသိက်ပေးတော်မူ၏။