ဟေရှာယ 32:6 - မြန်မာ့စံမီသမ္မာကျမ်း6 မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။ အခန်းကိုကြည့်ပါ။Common Language Bible6 လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။- အခန်းကိုကြည့်ပါ။Garrad Bible6 အ သို့ ဆို သော်၊ သူ ယုတ် သည် စ ကား ယုတ် ဆို လျက်၊ စိတ် နှ လုံး ဖြင့် ဒု စ ရိုက် ကို ကြံ စည်၍ လှောင် ပြောင် ခြင်း၊ ထာ ဝ ရ ဘု ရား အား မှောက် မှား ပြော ဆို ခြင်း၊ မွတ် သိပ် သူ့ ကို ဆာ လောင် စေ ခြင်း၊ ရေ ငတ် သူ့ ကို ခေါင်း ပါး စေ ခြင်း များ ကို ပြု လေ့ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အကြောင်းမူကား၊ ယုတ်သောသူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ်သောသူကို သာ၍ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရေငတ်သောသူကို ရေမသောက်စေခြင်းငှာလည်းကောင်း၊ ယုတ်သောစကားကို ပြော၍ မကောင်းသောအကြံကို ကြံလေဦးမည်။ အခန်းကိုကြည့်ပါ။ |
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။