ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
ဟေရှာယ 25:2 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ကိုယ်တော်သည် မြို့ကိုကျောက်ပုံဖြစ်စေ၍ ခိုင်ခံ့သောမြို့ကို ပြိုပျက်ရာဖြစ်စေ၏။ တစ်ပါးအမျိုးသားတို့၏နန်းတော်တည်ရာမြို့သည် မြို့အဖြစ်ရှိတော့မည်မဟုတ်။ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော့မည်မဟုတ်။ Common Language Bible ကိုယ်တော်ရှင်သည်မြို့များကိုယိုယွင်းပျက်စီးလျက် နေစေတော်မူ၍၊ မြို့တံတိုင်းတို့ကိုလည်းဖြိုဖျက်တော်မူပါပြီ။ ကျွန်တော်မျိုးတို့ရန်သူများတည်ဆောက်ခဲ့သည့် နန်းတော်များသည် ထာဝစဉ်ကွယ်ပျောက်၍သွားလေပြီ။ Garrad Bible မြို့ ကိုလည်း ကောင်း၊ ခိုင် ခံ့ သော မြို့ ကိုလည်း ကောင်း၊ ဖြို လှဲ ချ ပုံ ရာ ဖြစ် စေ လျက်၊ လူ မျိုး ခြား တို့ ခံ မြို့ ကို လည်း မည် သည့် အ ခါ မျှ ပြု စု ခွင့်၊ မြို့ ဖြစ် ခွင့် မ ရ သည့် တိုင် အောင် စီ ရင် တော် မူ ပြီး ဖြစ်၍၊ Judson Bible မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။ |
ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
ကန္တာရသတ္တဝါတို့သည် ထိုမြို့၌ ကျက်စားကြလိမ့်မည်။ သူတို့၏အိမ်များသည် အူတတ်သောတိရစ္ဆာန်များနှင့်ပြည့်လိမ့်မည်။ ထိုမြို့၌ ငှက်ကုလားအုတ်များ နေကြ၍ တောဆိတ်များ ခုန်ပေါက်ကြလိမ့်မည်။
တောခွေးတို့သည် ထိုမြို့၏ခံတပ်တို့၌လည်းကောင်း၊ ခွေးအတို့သည် ဇိမ်ခံရာနန်းတော်တို့၌လည်းကောင်း အူကြလိမ့်မည်။ ထိုသို့ ထိုမြို့၏အချိန်သည် မကြာမီရောက်လာမည်။ ထိုမြို့တည်ရမည့်နေ့ရက် ကြာရှည်တော့မည်မဟုတ်။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
ဧဖရိမ်ပြည်၌ ခံတပ်ရှိတော့မည်မဟုတ်။ ဒမတ်စကပ်မြို့၌လည်း အုပ်စိုးသူမင်း ရှိတော့မည်မဟုတ်။ ကြွင်းကျန်သောဆီးရီးယားလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့၏ဘုန်းအသရေကဲ့သို့ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ”ဟု ဆိုလေ၏။
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
ဖရိုဖရဲဖြစ်နေသောမြို့သည် ပြိုပျက်လေပြီ။ လူတို့မဝင်နိုင်အောင် အိမ်တိုင်းပိတ်ထားကြပြီ။
ထိုပြည်၏မြင့်မားသောခံတပ်မြို့ရိုးကို နှိမ့်ချဖြိုလှဲတော်မူမည်။ မြေတိုင်အောင်၊ မြေမှုန့်တိုင်အောင် ရောက်စေတော်မူမည်။
ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။
ခိုင်ခံ့သောမြို့သည် အထီးကျန်၍ တောကန္တာရကဲ့သို့ စွန့်ခွာသွားခြင်း၊ စွန့်ပစ်ထားခြင်းခံရသောနေရာဖြစ်လိမ့်မည်။ နွားသငယ်သည် ထိုနေရာတွင် ကျက်စားလိမ့်မည်၊ လဲလျောင်းလိမ့်မည်။ ထိုနေရာရှိအခက်အလက်တို့ကို အကုန်အစင်စားလိမ့်မည်။
အကြောင်းမူကား နန်းတော်သည် စွန့်ထားခြင်းခံရ၍ လူစည်ကားသောမြို့သည် စွန့်ခွာခြင်းခံရမည်။ ရဲတိုက်၊ ကင်းစောင့်မျှော်စင်တို့သည် သားရဲတို့အစဉ်ခိုအောင်းရာ ဖြစ်သွားလိမ့်မည်။ မြည်းရိုင်းများနေပျော်ရာ၊ တိရစ္ဆာန်တို့ကျက်စားရာ ဖြစ်လိမ့်မည်။
မိုးသီးကျ၍ တောအုပ်သည် ပြိုလဲသွားမည်။ မြို့သည် မြေနှင့်တစ်ညီတည်းပြိုကျပျက်စီးသွားမည်။
ထိုပြည်၏ခံတပ်များ၌ ဆူးပင်များပေါက်လိမ့်မည်။ ရဲတိုက်များ၌ ဖက်ယားပင်၊ ဆူးချုံရိုင်းများ ပေါက်လိမ့်မည်။ ထိုပြည်သည် ခွေးအတို့ကျက်စားရာ၊ ငှက်ကုလားအုတ်တို့နေထိုင်ရာ ဖြစ်လိမ့်မည်။
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည်ကို ရှေးယခင်ကပင် ငါစီမံထား၍ ယခု ငါဖြစ်စေပြီ။
ထာဝရဘုရားက “ထောင့်ချုပ်ကျောက်၊ အုတ်မြစ်ကျောက်တစ်လုံးမျှ သင့်ထံမှ ရနိုင်တော့မည်မဟုတ်။ သင်သည် လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။