Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 37:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်စေ​မည်​ကို ရှေးယခင်​ကပင် ငါ​စီမံ​ထား​၍ ယခု ငါ​ဖြစ်​စေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သင် မ ကြား မ သိ သ လော။ ယ မန် တွင် ငါ စီ ရင်၍၊ ရှေး ကာ လ က ပင် ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ တိုင်း၊ ခံ မြို့ များ ကို ပျက် စီး ရာ အ မှိုက် ပုံ ဖြစ် စေ ရန်၊ ယ ခု သင် ပေါ် ထွန်း ရ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ငါ​သည်​အ​ထက်​က ဤ​အ​မှု​ကို စီ​ရင်​ကြောင်း​နှင့်၊ ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည် မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ ဖြစ်​စေ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 37:26
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ သူ့​ကို​ထိပ်တိုက်ရင်ဆိုင်​၍ ညွတ်တွား​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​ဓား​ဖြင့် ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​၏​အသက်​ကို ကယ်တင်​တော်မူ​ပါ​။


အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။ ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။


ပုဆိန်​သည် သူ့​ကို​ကိုင်​သော​သူ​ထက် မိမိကိုယ်မိမိ​အမွှမ်းတင်​မည်လော​။ လွှ​သည် သူ့​ကို​အသုံးပြု​သော​သူ​ထက် မိမိကိုယ်မိမိ​ချီးမြှောက်​မည်လော​။ ကြိမ်လုံး​က ကိုင်မြှောက်​သော​သူ​ကို ပြန်​၍​လွှဲယမ်း​သကဲ့သို့​၊ တောင်ဝှေး​က သစ်သား​မ​ဟုတ်​သော​လူ​ကို ပြန်​၍​ကိုင်မြှောက်​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ဒမတ်စကပ်​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ “​ကြည့်ရှု​လော့​။ ဒမတ်စကပ်​မြို့​သည် မြို့​အဖြစ်​ရှိ​နေ​တော့​မည်​မ​ဟုတ်​။ ယိုယွင်းပျက်စီးရာ​အစုအပုံ ဖြစ်​လိမ့်မည်​။


သင်​တို့​သည် ရေကန်​ဟောင်း​မှ​ရေ​ကို​သိုလှောင်​ရန် မြို့ရိုး​နှစ်​ခု​ကြားတွင် ရေလှောင်ကန်​ဆောက်လုပ်​ကြ​၏​။ သို့သော် သင်​တို့​သည် ဤ​အမှု​ကို စီရင်​တော်မူ​သော​အရှင်​ကို မ​ကြည့်​ကြ​။ ရှေးယခင်​ကပင် ဤ​အမှု​ကို စီမံ​ထား​တော်မူ​သော​အရှင်​ကို မ​မြင်​ကြ​။


သင်​တို့​မ​သိ​ကြ​သလော​။ သင်​တို့​မ​ကြား​ဖူး​ကြ​သလော​။ အစအဦး​ကတည်းက သင်​တို့​ကို​မ​ပြောပြ​ခဲ့​ကြ​သလော​။ မြေကြီး​စတည်​ကတည်းက သင်​တို့​နား​မ​လည်​ခဲ့​ကြ​သလော​။


သင်​မ​သိ​သလော​။ သင်​မ​ကြား​ဖူး​သလော​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင်​၊ မြေကြီး​စွန်း​တိုင်အောင် ဖန်ဆင်း​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အားအင်​ကုန်ခန်း​တော်​မ​မူ​။ မောပန်း​တော်​မ​မူ​။ ကိုယ်တော်​၏​ဉာဏ်​ကို စစ်​၍​မ​ကုန်​နိုင်​။


ငါ​သည် အလင်း​ကို​ပုံဖော်ဖန်ဆင်း​၏​၊ အမှောင်​ကို​လည်း​ဖန်ဆင်း​၏​။ ငြိမ်းချမ်းမှု​ကို​ဖြစ်စေ​၏​၊ ဘေးအန္တရာယ်​ကို​လည်း ဖြစ်ပေါ်​စေ​၏​။ ဤ​အရာ​အားလုံး​တို့​ကို ငါ​ထာဝရဘုရား စီရင်​၏​။


မြို့​ထဲတွင် တံပိုးမှုတ်သံ​ကြား​သောအခါ လူ​တို့ မ​ထိတ်လန့်​ဘဲ နေ​မည်လော​။ ထာဝရဘုရား​ပြု​တော်​မ​မူ​ဘဲ မြို့​ထဲတွင် ဘေးအန္တရာယ်​ကျရောက်​နိုင်​မည်လော​။


ဘုရားသခင်​ချမှတ်​ထား​သော​အကြံအစည်​တော်​နှင့် ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​တို့​အရ အပ်နှံ​ခြင်း​ခံရ​သော​ထို​အရှင်​ကို သင်​တို့​သည် တရားမဲ့​သော​သူ​တို့​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​၍ ကွပ်မျက်​ကြ​၏။


“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။


အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ