ဟေရှာယ 24:8 - မြန်မာ့စံမီသမ္မာကျမ်း ပတ်သာ၏သာယာသံသည် ငြိမ်းလေပြီ။ သောက်စားပျော်ပါးသောသူတို့၏အသံသည် ရပ်တန့်လေပြီ။ စောင်း၏သာယာသံသည် ငြိမ်းလေပြီ။ Common Language Bible သူတို့၏စောင်းများ၊ ပတ်သာများမှရွှင်ပျ ချိုသာသောသီချင်းသံသည်လည်း ဆိတ် သုဉ်းသွားလေပြီ။- Garrad Bible စောင်း ပတ် သာ တီး ခြင်း ဆိုင် ရာ အား ရ ဝမ်း မြောက် သံ တိတ် ဆိတ် လျက်၊ ရွှင် လန်း သံ ငြိမ်း ကုန်၏။ Judson Bible သာယာသောပတ်သာအသံ ငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံလည်း ငြိမ်းပြီ။ |
ငါ့စောင်းသည် မြည်တမ်းသီချင်းသီဆိုရန်၊ ငါ့ပလွေသည်လည်း ငိုကြွေးသီချင်းသီဆိုရန် ဖြစ်သွားရပြီ။
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်သရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။
အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဤအရပ်၌ ရွှင်မြူးသောအသံ၊ ဝမ်းမြောက်သောအသံ၊ သတို့သား၊ သတို့သမီးအသံတို့ကို သင်တို့ရှေ့မှောက်၊ သင်တို့လက်ထက်၌ပင် ငါရပ်စဲစေမည်။
ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။
‘ငါသည် သီချင်းသံကို ဆိတ်သုဉ်းစေမည်။ စောင်းသံကိုလည်း သင်ကြားရတော့မည်မဟုတ်။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။
ထို့ကြောင့် ယခု သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသူတို့တွင် ထိပ်ဆုံးမှ ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ သူတို့ပျော်ပါးခဲ့သောပွဲများသည်လည်း အဆုံးသတ်ရလိမ့်မည်။
စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။