ဟေရှာယ 24:9 - မြန်မာ့စံမီသမ္မာကျမ်း9 သီချင်းသံနှင့်အတူ စပျစ်ဝိုင်သောက်သောသူ မရှိတော့ပေ။ သေရည်သေရက်သည် သောက်သောသူတို့အတွက် ခါးသီးလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible9 သူတို့သည်စပျစ်ရည်သောက်ကာသီချင်း များကိုမဆိုကြတော့ပေ။ အဘယ်သူမျှ စပျစ်ရည်၏အရသာကိုမခံစားကြ တော့ချေ။- အခန်းကိုကြည့်ပါ။Garrad Bible9 စ ပျစ် ရည် ကို၊ သီ ဆို လျက် မ သောက် ရ ချေ။ သောက် သော အ ရက် လည်း၊ အ ရ သာ ခါး လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပါးစပ်ခါးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။