အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ဟေရှာယ 20:3 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့ Common Language Bible အာဇုတ်မြို့ကျဆုံးသောအခါထာဝရ ဘုရားက``ငါ၏အစေခံဟေရှာယသည် ဖိနပ်မစီးဘဲ အဝတ်အချည်းစည်းနှင့်သုံး နှစ်တိုင်တိုင်သွားလာနေခဲ့သည်မှာ အီဂျစ် ပြည်နှင့်ဆူဒန်ပြည်တို့ကြုံတွေ့ရမည့် အဖြစ်အပျက်နိမိတ်လက္ခဏာပင်ဖြစ်၏။- Garrad Bible ထာ ဝ ရ ဘု ရား က၊ ငါ့ ကျွန် ဟေ ရှာ ယ သည်၊ အိ ဂျစ် ပြည်၊ ကု ရှ ပြည် များ နှင့် စပ် ဆိုင် သော သက် သေ နိ မိတ် လက္ခ ဏာ အ ဖြစ် ဖြင့်၊ အ ဝတ် မ ဆင်၊ ဖိ နပ် မ စီး ဘဲ သုံး နှစ် ပတ် လုံး သွား လာ သည့် နည်း တူ၊ Judson Bible ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကို ပြခြင်းငှာ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊ |
အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
“အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကိုစေလွှတ်၍
အကြောင်းမူကား ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားဖြစ်၏။ သင်၏ကယ်တင်ရှင်ဖြစ်၏။ သင့်ကို ရွေးနုတ်စရာအဖိုးအခအဖြစ် အီဂျစ်ပြည်ကိုလည်းကောင်း၊ သင့်ကိုယ်စား အီသီယိုးပီးယားပြည်နှင့် သေဘပြည်တို့ကိုလည်းကောင်း ငါပေးအပ်လိုက်၏။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
ထာဝရဘုရားက “ချည်ချောခါးပတ်တစ်ခုကို သွားဝယ်ပြီးလျှင် သင့်ခါး၌စည်းလော့။ ရေမစိမ်နှင့်”ဟု ငါ့အားမိန့်တော်မူ၏။
သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။
ဓားဘေးသည် အီဂျစ်ပြည်သို့ ရောက်လာမည်။ အီဂျစ်ပြည်သားတို့ လဲကျသေဆုံး၍ သူ၏ဥစ္စာပစ္စည်းရှိသမျှကို သိမ်းယူသွားကြပြီး အုတ်မြစ်များကို လှန်ပစ်ကြသောအခါ အီသီယိုးပီးယားပြည်သည် ထိတ်ထိတ်ပျာပျာဖြစ်လိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက ‘အီဂျစ်ပြည်ကို ထောက်မပေးသူတို့ ကျရှုံးကြလိမ့်မည်။ သူဂုဏ်ယူဝါကြွားရာ သူ၏ခွန်အားလည်း ယုတ်လျော့သွားလိမ့်မည်။ မိဂဒေါလပြည်မှ သုဏေပြည်တိုင်အောင် သူတို့သည် ဓားဘေးဖြင့် သေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အချင်းလူသား၊ အုတ်ချပ်တစ်ချပ်ကိုယူ၍ သင့်ရှေ့တွင်ထားပြီးလျှင် ထိုအုတ်ချပ်ပေါ်တွင် ဂျေရုဆလင်မြို့ပုံကို ရေးဆွဲလော့။
ထို့နောက် သံပြားတစ်ချပ်ကိုယူ၍ သင်နှင့်မြို့ပုံအကြားတွင် သံမြို့ရိုးသဖွယ် ကာထားလော့။ သင်သည် မြို့ဘက်သို့ စိုက်ကြည့်လော့။ ထိုအခါ မြို့သည် ဝိုင်းထားခြင်းခံရသကဲ့သို့ ဖြစ်မည်။ ဤသို့ မြို့ကိုဝိုင်းထားခြင်းသည် အစ္စရေးအမျိုးအနွယ်တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
“အို အီသီယိုးပီးယားလူမျိုးတို့၊ သင်တို့သည်လည်း ငါ့ဓားဖြင့် ကွပ်မျက်ခံရလိမ့်မည်။”
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။