အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 2:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နေ့ရက်​၌ မောက်မာ​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်းသာ ချီးမြှောက်​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူ​တို့​၏​မာန်​စွယ်​သည်​ကျိုး​၍​မောက်​မာ​ထောင် လွှား​မှု​များ​သည်​ပျက်​သုဉ်း​ရ​လိမ့်​မည်။ ထို ကာ​လ​ကျ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင် ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

လူ ယုတ် တို့ သည် မောက် မော် ရာ မှ ရှုတ် ချ ခြင်း၊ လူ မြတ် တို့ လည်း မာ န နှိမ့် ချ ခြင်း ကို ခံ ရ ကြ လျက်၊ ထာ ဝ ရ ဘု ရား သာ မြင့် မြတ် တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကာ​လ၌ လူ​တို့၏​မာ​န​ကို​ရှုတ်​ချ၍၊ လူ​တို့၏​စိတ်​မြင့်​သော​သ​ဘော​ကို နှိမ့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 2:17
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ခွေယိုင်​လဲကျ​သွား​ကြ​၏​။ ငါ​တို့​မူကား ထ​၍​ခိုင်မြဲ​စွာ​ရပ်​နေ​ကြ​၏​။


“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။ ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​”


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


ဆိုးညစ်​သော​ကမ္ဘာကြီး​၊ ဆိုးယုတ်​သော​ဒုစရိုက်သမား​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ မာနထောင်လွှား​သော​သူ​တို့​၏​မာန​ကို ငါ​ချုပ်ငြိမ်း​စေ​မည်​။ ကြမ်းကြုတ်​သော​သူ​တို့​၏​မာန​ကို ငါ​ချိုး​ပစ်​မည်​။


ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


တာရှု​သင်္ဘော​နှင့် နှစ်သက်ဖွယ်​သော​ရေယာဉ် အစ​ရှိသမျှ​တို့​ကို အားလုံး​ဖျက်ဆီး​တော်မူ​မည်​။


ရုပ်တု​တို့​သည်​လည်း လုံးဝ​ပျောက်ကွယ်​သွား​မည်​။


ထို့ကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကျေးဇူးပြု​တော်မူ​ရန် စောင့်မျှော်​နေ​၏​။ သင်​တို့​ကို ကရုဏာ​ပြ​တော်မူ​ရန် ထ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတ​သော​ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​ကို စောင့်မျှော်​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မူကား တရားမျှတ​ခြင်း​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​မည်​။ သန့်ရှင်း​သော​အရှင်​သည် မိမိ​သန့်ရှင်း​တော်မူ​ကြောင်း​ကို ဖြောင့်မတ်​ခြင်း​အားဖြင့် ထင်ရှား​စေ​တော်မူ​မည်​။