ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ဟေရှာယ 19:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ အစ္စရေးပြည်သည် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့နှင့်အတူ တတိယမြောက်ပြည်အဖြစ်ပူးပေါင်း၍ ကမ္ဘာမြေကြီးအလယ်၌ ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။ Common Language Bible ထိုအချိန်ကာလကျရောက်လာသောအခါ ဣသရေလပြည်သည်အီဂျစ်ပြည်၊ အာရှုရိ ပြည်နှင့်ရင်ဘောင်တန်းလျက်နေလိမ့်မည်။ ထို နိုင်ငံသုံးခုသည်ကမ္ဘာတစ်ဝှမ်းလုံးအတွက် ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေလိမ့်မည်။- Garrad Bible ထို ကာ လ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ လူ မျိုး တော် အိ ဂျစ်၊ လက် ဖြစ် တော် အာ ရှု ရိ၊ အ ပိုင် တော် ဣ သ ရေ လ လူ မျိုး တို့ ၌၊ မင်္ဂ လာ ရှိ ကြ စေ သ တည်း ဟု ကောင်း ကြီး ပေး တော် မူ သည့် အ လျောက်၊ ဣ သ ရေ လ၊ အိ ဂျစ်၊ အာ ရှု ရိ လူ သုံး မျိုး တို့ သည်၊ မြေ ပ ထ ဝီ ဗ ဟို တွင် မင်္ဂ လာ အ ရင်း ခံ ဖြစ် ကြ လိမ့် သ တည်း။ Judson Bible ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအမျိုးနှင့်လည်းကောင်း၊ အာရှုရိအမျိုးနှင့်လည်းကောင်းပေါင်း၍၊ တတိယအမျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသောအမျိုးဖြစ်လိမ့်မည်။ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ထိုနေ့ရက်၌ အီဂျစ်ပြည်မှ အဆီးရီးယားပြည်သို့ လမ်းမကြီးပေါက်လိမ့်မည်။ အဆီးရီးယားပြည်သားတို့သည် အီဂျစ်ပြည်သို့လည်းကောင်း၊ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သို့လည်းကောင်း သွားလာကြလိမ့်မည်။ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သားတို့နှင့်အတူ ဝတ်ပြုကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် တိုင်းနိုင်ငံတို့ကို လက်မြှောက်ပြမည်။ လူမျိုးတကာတို့ကို အချက်ပြအလံ ထူပြမည်။ သူတို့သည် သင်၏သားတို့ကို လက်ထဲ၌ပွေ့ချီလာမည်။ သင်၏သမီးတို့ကို ပခုံးပေါ်၌ ထမ်းလာကြမည်။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ဆောက်သောအိမ်၌ အခြားသူ နေရမည်မဟုတ်။ သူတို့စိုက်သောစပျစ်သီးကိုလည်း အခြားသူစားရမည်မဟုတ်။ ငါ့လူတို့၏သက်တမ်းသည် သစ်ပင်၏သက်တမ်းတမျှ ရှည်မည်။ ငါရွေးချယ်သောသူတို့သည် သူတို့လက်ဖြင့်လုပ်ဆောင်သောအရာကို ရေရှည်အကျိုးခံစားရမည်။
ထာဝရဘုရားက “စပျစ်ဝိုင်အသစ်ထွက်နိုင်သေးသော စပျစ်ခိုင်ကို တွေ့ရှိသောအခါ ‘မဖျက်ဆီးနှင့်၊ ကောင်းချီးမင်္ဂလာရှိသည်’ဟု လူတို့ပြောဆိုတတ်၏။ ငါသည်လည်း ငါ့အစေအပါးတို့ကိုထောက်၍ ထို့အတူပြုမည်။ ငါသည် အကုန်အစင်မဖျက်ဆီး။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ငြိမ်းချမ်းမှုကို မြစ်ရေကဲ့သို့လည်းကောင်း၊ လူမျိုးတကာတို့၏ဘုန်းအသရေကို စီးဆင်းသောစမ်းချောင်းကဲ့သို့လည်းကောင်း ဂျေရုဆလင်မြို့ထဲသို့ စီးဆင်းစေမည်။ သင်တို့ကို နို့တိုက်မည်၊ ခါးစောင်း၌ ချီထားမည်၊ ကလေးကဲ့သို့ ဒူးပေါ်တွင်မြှူမည်။
သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။
အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။
သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူရကြသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။
ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
အို လူမျိုးအပေါင်းတို့၊ လူမျိုးတော်နှင့်အတူ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ကိုယ်တော်သည် မိမိအစေအပါးတို့၏သွေးအတွက်လက်တုံ့ပြန်မည်။ မိမိကိုရန်ပြုသောသူတို့အား လက်စားချေတော်မူမည်။ ပြည်တော်၊ လူမျိုးတော်တို့၏အပြစ်ကိုဖြေလွှတ်တော်မူမည်”ဟူ၍ ဖြစ်၏။