ဟေရှဘုန်မြို့၊ ဧလာလေမြို့တို့သည်လည်း အော်ဟစ်ကြ၏။ သူတို့၏အသံကို ယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သည်တို့ပါ စိတ်တုန်လှုပ်ချောက်ချား၍ အော်ဟစ်ကြ၏။
ဟေရှဘုန်နှင့်ဧလာလေမြို့သူမြို့သားတို့ သည်အော်ဟစ်ငိုကြွေးကြရာ သူတို့ငိုကြွေး သံကိုယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သူရဲများပင်လျှင်တုန်လှုပ်ချောက် ချားကာကြောက်စိတ်ဝင်၍လာကုန်၏။-
ဟေ ရှ ဘုန် မြို့ နှင့် ဧ လာ လေ မြို့ တို့ ဟစ် သံ ကို ယာ ဟတ် မြို့ တိုင် အောင် ကြား ရ သ ဖြင့်၊ မော ဘ ရဲ မက် တို့ သည် ကြောက် ရွံ့ သော စိတ် နှင့် အော် ကြ၏။
ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘသူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏။
ထို့နောက် ရေဗက္ကာက ဣဇက်အား “အကျွန်ုပ်သည် ဟေသအမျိုးသမီးတို့ကြောင့် အသက်ရှင်ရသည်ကိုပင် ငြီးငွေ့ပါပြီ။ ဤပြည်ရှိအမျိုးသမီးကဲ့သို့သော ဟေသအမျိုးသမီးတို့နှင့် ယာကုပ်အိမ်ထောင်ပြုမည်ဆိုလျှင် အကျွန်ုပ်အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။
တရားစီရင်ခြင်းသည် မြေပြန့်ဒေသဖြစ်သော ဟောလုန်မြို့၊ ယာဇမြို့၊ မေဖတ်မြို့၊
နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါနှင်ထုတ်၍ အရပ်ရပ်သို့ရောက်သွားသောသူတို့ထဲမှ ကြွင်းကျန်သောသူတည်းဟူသော ဤမကောင်းသောမျိုးနွယ်စုထဲမှ အသက်ရှင်ကျန်ရစ်သူအားလုံးတို့သည် အသက်ရှင်ခြင်းထက် သေခြင်းကိုရွေးချယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။
ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။
သို့သော် ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှ ဖြတ်သွားခွင့်မပြုသည့်အပြင် ရှိဟုန်မင်းကြီးသည် မိမိလူအားလုံးကို စုဝေးစေပြီး အစ္စရေးလူမျိုးတို့ကို ဆီးတားရန် တောကန္တာရသို့ ထွက်သွား၏။ ယာဟတ်အရပ်သို့ရောက်သောအခါ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လေ၏။
ဟေရှဘုန်မြို့ထဲမှမီး၊ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ထဲမှမီးလျှံထွက်လာပြီး မောဘပြည်ရှိအာရမြို့၊ အာနုန်ချောင်းရှိအထွတ်အမြတ်ထားရာနေရာတို့မှ အရှင်သခင်တို့ကို လောင်ကျွမ်းလေပြီ။
ရှိဟုန်မင်းကြီးနှင့် သူ့လူအပေါင်းတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ယာဟတ်အရပ်သို့ ချီတက်လာကြ၏။
ယာဟတ်မြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊
ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။
ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမယုံသဖြင့် နယ်မြေကို ဖြတ်ခွင့်မပေး။ ထို့ပြင် ရှိဟုန်မင်းကြီးသည် မိမိလူတို့ကို စုရုံးပြီး ယာဟတ်မြို့၌တပ်ချကာ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။