ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
ဟေရှာယ 11:14 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အနောက်အရပ်ရှိဖိလိတ္တိလူမျိုးတို့ကို အနောက်မှတိုက်ခိုက်လိမ့်မည်။ အရှေ့ပြည်သားတို့ကိုလည်း အတူတကွ လုယူလိမ့်မည်။ မိမိတို့လက်ကို ဧဒုံပြည်၊ မောဘပြည်ပေါ်သို့ ရောက်စေလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏လက်အောက်ခံဖြစ်ရလိမ့်မည်။ Common Language Bible ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။- Garrad Bible အ နောက် ပြည် ဖိ လိ တ္တိ လူ မျိုး ၏ ပ ခုံး ပေါ် တွင် ထိုး သုတ် ခြင်း၊ အ ရှေ့ ပြည် သား တို့ ကို ပူး ပေါင်း လု ယက် ခြင်း ပြု ကြ သည့် ပြင်၊ ဧ ဒုံ အ မျိုး နှင့် မော ဘ အ မျိုး တို့ သည်၊ လက် အောက် သို့ ဝင် ရ လျက်၊ အ မ္မုန် အ မျိုး သား တို့ လည်း လိုက် နာ ကြ ရ လိမ့် မည်။ Judson Bible သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ဥစ္စာကို အတူလုယူကြလိမ့်မည်။ ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။ |
ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
တစ်ဖန် ထာဝရဘုရားက “သူရင်းငှား၏နှစ်ကာလအရ သုံးနှစ်အတွင်း မောဘပြည်၏ဘုန်းအသရေသည် လူထုကြီးနှင့်အတူ ရှုတ်ချခြင်းခံရမည်။ လူအနည်းငယ်သာကြွင်းကျန်၍ အားနည်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။
ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
အနီရောင်ဝတ်ရုံကိုဝတ်လျက် ဧဒုံပြည်၊ ဗောဇရမြို့မှလာသော ဤသူကား မည်သူနည်း။ ထည်ဝါသောအဝတ်တန်ဆာကိုဆင်လျက် ကြီးမားသောခွန်အားနှင့် ချီတက်လာသော ဤသူကား မည်သူနည်း။ ဖြောင့်မတ်စွာမိန့်ဆိုသော၊ ကယ်တင်နိုင်စွမ်းရှိသော ငါပင်ဖြစ်၏။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဘေဘီလုံဘုရင်သည် လူအချို့ကို ယုဒပြည်၌ ချန်ထားခဲ့၍ ထိုသူတို့ကိုအုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိအား ခန့်ထားကြောင်းကို မောဘပြည်၊ အမ္မုန်အမျိုးသားတို့ပြည်၊ ဧဒုံပြည်မှစ၍ အပြည်ပြည်အရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့ ကြားသိသောအခါ
ထာဝရဘုရားက “ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ မောဘပြည်ရှိရာသို့ ထိုးဆင်းလာလေပြီ။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ ပျံတက်ပြီးမှ ဗောဇရမြို့သို့ ထိုးဆင်းလာလေပြီ။ ထိုနေ့ရက်၌ ဧဒုံစစ်သူရဲတို့၏စိတ်နှလုံးသည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချေမှုန်းနိုင်ခဲ့သောကေဒါအမျိုးနှင့်ပတ်သက်၍၊ ဟာဇော်နိုင်ငံတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “ထကြ။ ကေဒါအမျိုးကို တိုက်ခိုက်ကြ။ အရှေ့ပြည်သားများကို ဖျက်ဆီးကြ။
‘ငါ့လူမျိုးတော်အစ္စရေးတို့၏လက်ချက်ဖြင့် ဧဒုံပြည်ကို လက်တုံ့ပြန်မည်။ သူတို့သည် ငါ့အမျက်ဒေါသအလျောက် ဧဒုံပြည်ကို ပြုကြလိမ့်မည်။ ထိုအခါမှ ငါလက်တုံ့ပြန်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် သာယာဝပြောသောပြည်ကို ဝင်တိုက်သဖြင့် လူအများလဲကျသေဆုံးရလိမ့်မည်။ သို့သော် ဧဒုံပြည်သား၊ မောဘပြည်သားနှင့် အမ္မုန်အမျိုးသားတို့ထဲမှ အထင်ကရပုဂ္ဂိုလ်များသည် သူ့လက်မှလွတ်မြောက်လိမ့်မည်။
ယုဒလူမျိုးတို့ကို ညှဉ်းပန်းနှိပ်စက်၍ သူတို့၏ပြည်တွင် အပြစ်မဲ့သောသူတို့ကို သတ်ဖြတ်ကြသောကြောင့် အီဂျစ်ပြည်သည် လူသူကင်းမဲ့ရာဖြစ်လိမ့်မည်။ ဧဒုံပြည်သည် လူသူကင်းမဲ့သောတောကန္တာရဖြစ်လိမ့်မည်။
ဤသို့ဖြင့် သူတို့သည် ကြွင်းကျန်သည့်ဧဒုံပြည်နှင့် ငါ့နာမဖြင့် ခေါ်ဝေါ်သမုတ်သောတိုင်းနိုင်ငံအပေါင်းတို့ကို ပိုင်ဆိုင်ရလိမ့်မည်”ဟု ဤအမှုကို စီရင်တော်မူသည့်ထာဝရဘုရားမိန့်တော်မူ၏။
သူတို့၏မြင်းများသည် ကျားသစ်များထက် လျင်မြန်၏။ နေဝင်ချိန်ရောက်မှ သွားလာတတ်သောဝံပုလွေများထက် ရက်စက်၏။ သူတို့၏မြင်းစီးသူရဲတို့ ဒုန်းစိုင်းချီတက်လာပြီ။ မြင်းစီးသူရဲတို့ အဝေးမှ ဒုန်းစိုင်းပြေးလာနေသည်မှာ တစ်ဟုန်ထိုး ထိုးသုတ်ဖမ်းစားတတ်သည့် လင်းယုန်ကဲ့သို့ပင် ဖြစ်၏။
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။
သင်တို့အား ငါဆိုသည်ကား များစွာသောလူတို့သည် အရှေ့အရပ်နှင့်အနောက်အရပ်တို့မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။