ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ဟေဗြဲ 9:4 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။ Common Language Bible ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။- Judson Bible ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခန်းအတွင်း၌ နံ့သာပေါင်းကို မီးရှို့ရာ ရွှေယဇ်ပလ္လင်နှင့် ရွှေဖြင့်မွမ်းမံထားသော ပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာအတွင်း၌ မန္နမုန့်ထည့်ထားသော ရွှေအိုး၊ အဖူးအညွှန့်ထွက်နေသော အာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားနှစ်ပြား ပါရှိ၏။ |
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။
သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
မောရှေသည် သူ၏လက်ထဲ၌ ဟိုဘက်၊ သည်ဘက် မျက်နှာပြင်နှစ်ဖက်စလုံး အက္ခရာတင်ထားသည့်သက်သေခံချက်ကျောက်ပြားနှစ်ချပ်ကိုကိုင်လျက် လှည့်၍ တောင်ပေါ်မှဆင်းသွားလေ၏။
ထို့နောက် မောရှေသည် သိနာတောင်ပေါ်မှ ဆင်းလာ၏။ တောင်ပေါ်မှ ဆင်းလာသောအခါ မောရှေ၏လက်ထဲ၌ သက်သေခံချက်ကျောက်ပြားနှစ်ချပ်ပါ၏။ မောရှေသည် ထာဝရဘုရားနှင့်စကားပြောခဲ့ရသဖြင့် သူ၏မျက်နှာထွန်းပသည်ကို သူမသိ။
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှားသစ်သားဖြင့်လုပ်ထား၏။ ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်ရှိ၏။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။
သက်သေခံချက်သေတ္တာတော်နှင့် သေတ္တာတော်၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင်ကိုလည်းကောင်း၊
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်ပေါ်မှ မီးခဲများကို မီးကျီးခံဗန်းနှင့်အပြည့်၊ အမွှေးနံ့သာပေါင်းအမှုန့်ကို လက်ခုပ်နှင့်အပြည့်ယူ၍ ကန့်လန့်ကာ၏အတွင်းဘက်သို့ ယူဆောင်လာရမည်။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
ငါရွေးချယ်သောသူ၏တောင်ဝှေးသည် အတက်ပေါက်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ကို အပြစ်တင်နေကြသော အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါရပ်စဲစေမည်”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့၌ မောရှေသည် သက်သေခံချက်တဲတော်ထဲသို့ ဝင်သောအခါ လေဝိအမျိုးအနွယ်၊ အာရုန်၏တောင်ဝှေးသည် အတက်ပေါက်လျက်၊ အဖူးဖူးလျက်၊ အပွင့်ပွင့်လျက်၊ ဗာဒံသီးသီးလျက်ရှိသည်ကို တွေ့လေ၏။
အရက်လေးဆယ်ပြည့်သောအခါ ထာဝရဘုရားသည် ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကို ငါ့အား ပေးအပ်တော်မူပြီး
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် နံ့သာပူဇော်ရာရွှေခွက်ကိုကိုင်လျက် ယဇ်ပလ္လင်အနားသို့လာ၍ရပ်လေရာ သန့်ရှင်းသူအပေါင်းတို့၏ဆုတောင်းချက်များနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့၌ရှိသည့် ရွှေယဇ်ပလ္လင်ပေါ်တွင်ဆက်ကပ်ရန် များစွာသောနံ့သာပေါင်းကို သူ့အားပေးလေ၏။