အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ဟေဗြဲ 9:3 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။ Common Language Bible ဒုတိယကန့်လန့်ကာနောက်၌အလွန်သန့်ရှင်း ရာဌာနတော်ဟုခေါ်သောတဲတော်ရှိ၏။- Garrad Bible ဒု တိ ယ ကန့် လန့် ကာ အ တွင်း နံ့ သာ ပေါင်း တင် ရှို့ ရာ ရွှေ ပ လ္လင် တော်၊ မ န္န မုန့် ထည့် ရွှေ အိုး မှ စ၍ အ ဖူး ပေါ် သော အာ ရုန်၏ တောင် ဝှေး နှင့် ပ ဋိ ညာဉ် တော် ကျောက် ပြား များ ပါ သော ရွှေ မွမ်း ပ ဋိ ညာဉ် သေ တ္တာ တော်၊ ၎င်း ပေါ် တွင် အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို ဖြန့် မိုး သော ဘုန်း တော် ဆိုင် ရာ ခေ ရု ဗ များ ရှိ သော အ ထူး သန့် ရှင်း ရာ ဌာ န ခေါ် တဲ တော် တစ် ပိုင်း ရှိ၏။ ထို အ ရာ များ ကို စိတ် ဖြာ၍ ငါ တို့ ယ ခု မ ပြော မ ဆို နိုင်။ Judson Bible ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကန့်လန့်ကာ တစ်ခုရှိပြီး ထိုကန့်လန့်ကာနောက်တွင် အသန့်ရှင်းဆုံးဌာနတော် ဟု ခေါ်သော ဒုတိယအခန်းရှိ၏။ |
အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်တို့၏အတောင်တော်အောက်တွင် နေရာချထား၏။
ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။
သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။
ဗိမာန်တော်အတွင်းခန်းကိုတိုင်းရာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။ “ဤအခန်းသည် အသန့်ရှင်းဆုံးဌာနဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။
ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
တဲတော်ပထမအခန်းတည်ရှိနေသရွေ့ အလွန်သန့်ရှင်းရာဌာနသို့ဝင်ရောက်ရာလမ်းသည် မပွင့်သေးကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ဤအမှုအရာအားဖြင့် ဖော်ပြတော်မူ၏။