လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ဟေဗြဲ 9:11 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့် Common Language Bible သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။- Garrad Bible ခ ရစ် တော် မူ ကား ရောက် ပြီး သော သု ခ ချမ်း သာ ဆိုင် ရာ ပ ရော ဟိတ် မင်း အ ဖြစ် ထာ ဝ ရ ရွေး နုတ် မှု ပြု ပြီး လျှင် လက် ဖြစ် မ ဟုတ်၊ ယ ခု ဘ ဝ နှင့် မ ဆိုင်၊ သာ၍ ကြီး မြတ် စုံ လင် သော တဲ တော် ကို လွန် ၍ ဆိတ် သွေး၊ နွား သွေး နှင့် မ ဟုတ်၊ ကို ယ့် အ သွေး တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ အ ပြီး သတ် ဝင် ရောက် တော် မူ ပြီ။ Judson Bible ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။ |
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ထိုအခါ အကျွန်ုပ်က “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း အကျွန်ုပ်လာပါပြီ။
ထာဝရဘုရားက “ရွေးနုတ်တော်မူသောအရှင်သည် ဇိအုန်တောင်သို့ကြွလာတော်မူမည်။ အပြစ်ကျူးလွန်ရာမှ နောင်တရသောယာကုပ်အမျိုးအနွယ်တို့ထံသို့ ကြွလာတော်မူမည်”ဟု မိန့်တော်မူ၏။
ငါ့ကိုပြစ်မှားခဲ့သောအပြစ်ရှိသမျှတို့နှင့် သူတို့ကိုကင်းစင်စေမည်။ ငါ့ကိုပြစ်မှားခြင်း၊ ငါ့ကိုပုန်ကန်ခြင်းအပြစ်ရှိသမျှတို့ကို ငါခွင့်လွှတ်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
“ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
“ဤသူက ‘ငါသည် လူ့လက်ဖြင့်တည်ဆောက်သော ဤဗိမာန်တော်ကိုဖြိုဖျက်၍ လူ့လက်ဖြင့်မတည်ဆောက်သော အခြားဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ဆိုကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင်
သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
ထို့ကြောင့် ငါတို့သည် မြင်ရသောအရာတို့ကို အာရုံမစိုက်ဘဲ မမြင်ရသောအရာတို့ကို အာရုံစိုက်ကြ၏။ အကြောင်းမူကား မြင်ရသောအရာတို့သည် ခဏသာတည်၍ မမြင်ရသောအရာတို့သည် ထာဝရတည်၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။
ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
“နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။
အကြောင်းမူကား ဤလောက၌ ငါတို့အတွက်တည်မြဲသောမြို့မရှိ။ နောက်လာမည့်မြို့တော်ကိုသာ ငါတို့ကြိုးစားရှာဖွေနေကြ၏။
ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အသနားခံခြင်းအမှုကိုပြုရန် ဘုရားသခင်ရှေ့တော်၌ သနားကြင်နာတတ်သည့် သစ္စာရှိသောယဇ်ပုရောဟိတ်မင်းဖြစ်မည့်အကြောင်း အရာရာ၌ ညီအစ်ကိုများနှင့်တူရ၏။
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
အကြောင်းမူကား ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်မခံသောသူဖြစ်သည့် လှည့်ဖြားသောသူများစွာတို့သည် ဤလောက၌ပေါ်လာကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်အန်တုသူလည်းဖြစ်၏။