ဟေရှာယ 59:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထာဝရဘုရားက “ရွေးနုတ်တော်မူသောအရှင်သည် ဇိအုန်တောင်သို့ကြွလာတော်မူမည်။ အပြစ်ကျူးလွန်ရာမှ နောင်တရသောယာကုပ်အမျိုးအနွယ်တို့ထံသို့ ကြွလာတော်မူမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်အပြစ်များမှနောင်တရသူ ဣသရေလအမျိုးသားအပေါင်းတို့အား ကယ်တင်ရန်ဇိအုန်မြို့သို့ကြွလာတော်မူ မည်။- အခန်းကိုကြည့်ပါ။Garrad Bible20 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း၊ ရွေး နုတ် သော အ ရှင် သည် ဇိ အုန် မြို့ သို့လည်း ကောင်း၊ ယာ ကုပ် အ မျိုး သား တို့ အ နက်၊ လွန် ကျူး ခြင်း မှ လွှဲ သူ တို့ ထံ သို့ လည်း ကောင်း၊ ကြွ လာ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible20 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရွေးနုတ်သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရားသောအမှုမှ လွှဲသော ယာကုပ်အမျိုးသားတို့ရှိရာသို့ ရောက်လတ္တံ့။ အခန်းကိုကြည့်ပါ။ |
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။