သူတို့အလယ်၌ ငါကိန်းဝပ်ဖို့ရန် သူတို့သည် ငါ့အဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။
ဟေဗြဲ 9:1 - မြန်မာ့စံမီသမ္မာကျမ်း ပထမပဋိညာဉ်တွင်လည်း ဝတ်ပြုခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် လောက၌ရှိသောသန့်ရှင်းရာဌာနပါ၏။ Common Language Bible ပထမပဋိညာဉ်တရားအတွက်ဝတ်ပြု ခြင်းဆိုင်ရာထုံးနည်းများနှင့်လူတို့တည် ဆောက်သည့်ဝတ်ပြုရာဌာနတော်ရှိ၏။- Garrad Bible ပ ထ မ ပ ဋိ ညာဉ် တ ရား တွင် ပင် လော က နှင့် ဆိုင် သော သန့် ရှင်း ရာ ဌာ န နှင့် ဝတ် ပြု ရာ ထုံး နည်း ချက် များ ပါ ရှိ၏။ Judson Bible တစ်နည်းကား၊ ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်လည်းကောင်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်လည်းကောင်း စပ်ဆိုင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ပထမပဋိညာဉ်၌ ဝတ်ပြုခြင်းနှင့်ဆိုင်သော စည်းမျဉ်းများနှင့် လောကနှင့်ဆိုင်သော သန့်ရှင်းရာဌာနတော် ပါရှိ၏။ |
သူတို့အလယ်၌ ငါကိန်းဝပ်ဖို့ရန် သူတို့သည် ငါ့အဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့သည် ငါ၏ညွှန်ကြားချက်ကို ရှုတ်ချခြင်းဖြင့် အပြစ်ခံရ၍ မသေရမည့်အကြောင်း ငါ၏ညွှန်ကြားချက်ကို စောင့်ထိန်းရမည်။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
အသားကို နံနက်တိုင်အောင် မကြွင်းကျန်စေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲတော်၏ပြဋ္ဌာန်းချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။
လူကမဟုတ်ဘဲ ထာဝရဘုရားကတည်ဆောက်တော်မူသော စစ်မှန်သည့်တဲတော်နှင့် သန့်ရှင်းရာဌာန၏အမှုကိုထမ်းဆောင်သူဖြစ်တော်မူ၏။
အကြောင်းမူကား ပထမပဋိညာဉ်၌ အပြစ်တင်စရာမရှိခဲ့လျှင် ဒုတိယပဋိညာဉ်သည် လိုအပ်စရာအကြောင်းရှိခဲ့မည်မဟုတ်။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။