ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
ဟေဗြဲ 7:7 - မြန်မာ့စံမီသမ္မာကျမ်း ကြီးသောသူသည် ငယ်သောသူအား ကောင်းချီးပေးတတ်သည်ကို ငြင်းဆိုဖွယ်မရှိ။ Common Language Bible သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။- Garrad Bible သိမ် ငယ် သူ သည် ကြီး မြတ် သူ ထံ ကောင်း ကြီး ခံ ရ မြဲ ဖြစ် သည် မှာ ငြင်း ခုံ ရန် အ လျှင်း မ ရှိ။ Judson Bible ကြီးသောသူသည် ငယ်သောသူကို ကောင်းချီးပေးတတ်သည်ကို ငြင်းခုံဖွယ်မရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းချီးပေးသောသူသည် ကောင်းချီးမင်္ဂလာခံယူသူထက် ပို၍ကြီးမြတ်သည်မှာ ငြင်းဆိုဖွယ်မရှိ။ |
ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။
မတ်တတ်ရပ်လျက် အစ္စရေးလူထုအပေါင်းတို့အား အသံကျယ်လောင်စွာဖြင့် ကောင်းချီးပေးပြီးမှ မြွက်ဆိုသည်မှာ
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
မောရှေမြွက်ဆိုသည်မှာ “အို ကောင်းကင်၊ စူးစိုက်နားထောင်လော့။ ငါပြောမည်။ အို မြေကြီး၊ ငါ့နှုတ်ထွက်စကားများကို နားထောင်လော့။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။
ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။