Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 7:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဤ​နေရာ​၌ သေဆုံး​တတ်​သော​လူ​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ကြ​၏။ အခြား​သော​နေရာ​၌​ကား ထို​သူ​သည် အသက်ရှင်​နေ​သည်​ဟု သက်သေခံ​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို​မှ​တစ်​ပါး​လည်း​ယဇ်​ပု​ရော​ဟိတ်​များ အ​နေ​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​ခြင်း သည်​သေ​မျိုး​ဖြစ်​သော​လူ​သား​တို့​က​ခံ​ယူ ကြ​ခြင်း​ဖြစ်​၏။ မေ​လ​ခိ​ဇေ​ဒက်​မူ​ကား​ကျမ်း စာ​တော်​တွင်​ဖော်​ပြ​သည်​နှင့်​အ​ညီ အ​သက် ရှင်​သူ​အ​နေ​ဖြင့်​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို ခံ​ယူ​ခြင်း​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ယ ခု ကာ လ တွင် သေ တတ် သော သူ တို့ သည် ဆယ် ဘို့ တစ် ဖို့ အ လှူ ကို ခံ ယူ တတ် ကြ၏။ ထို ကာ လ၌ မူ ကား အ သက် ရှင် နေ သည် ဟု သက် သေ ခံ ရှိ သူ ခံ ယူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ဆယ်ပုံတစ်ပုံ​ကို ခံယူသော လေဝိ​အနွယ်​ယဇ်ပုရောဟိတ်တို့​သည် သေတတ်သော​လူများ​ဖြစ်ကြ​သော်လည်း ဆယ်ပုံတစ်ပုံ​ကို ခံယူသော ဤ​မေလခိဇေဒက်​မှာ အသက်ရှင်​ကြောင်း သက်သေ​ထင်ရှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 7:8
12 ပူးပေါင်းရင်းမြစ်များ  

နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


ထိုသို့​ကြား​ရ​လျက်​နှင့် ဆန့်ကျင်​ခဲ့​သူ​များ​ကား မည်သူ​တို့​နည်း။ မောရှေ​၏​ဦးဆောင်​မှု​အားဖြင့် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​ပင်​မ​ဟုတ်​လော။


အခြား​ကျမ်းချက်​တွင်​လည်း “သင်​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏”​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။


ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။


အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် သေ​ခြင်း​တရား​ကြောင့် တာဝန်​ကို​ဆက်လက်​၍​မ​ထမ်းဆောင်​နိုင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် ယဇ်ပုရောဟိတ်​ဖြစ်လာ​ကြ​၏။


ကြီးသောသူ​သည် ငယ်သောသူ​အား ကောင်းချီး​ပေး​တတ်​သည်​ကို ငြင်းဆို​ဖွယ်​မ​ရှိ။


ထို့ပြင် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​သော​လေဝိ​သည်​လည်း အာဗြဟံ​မှ​တစ်ဆင့် ဆယ်ဖို့တစ်ဖို့​ကို​ပေး​လှူ​သည်​ဟု ဆို​နိုင်​၏။


လူ​တို့​သည် တစ်ကြိမ်တည်း​သေ​၍ သေ​ပြီး​သည့်​နောက် တရား​စီရင်​ခြင်း​ကို​ခံရ​သကဲ့သို့


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ