သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
ဟေဗြဲ 7:22 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။ Common Language Bible ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။ Judson Bible သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသစ္စာပြုခြင်းကြောင့် ယေရှုသည် ပို၍ကောင်းသောပဋိညာဉ်၏ အာမခံဖြစ်လာ၏။ |
သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
သခင့်အစေအပါးအကျွန်ုပ်က ‘သူငယ်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်သည် အဖေ၏အပြစ်တင်ခြင်းကို အစဉ်အမြဲခံယူပါမည်’ဟု ဆိုလျက် အဖေ့ထံသူငယ်အတွက်အာမခံခဲ့ပါ၏။
ကိုယ်တော့်အစေအပါး၏ကောင်းကျိုးချမ်းသာအတွက် အာမခံပေးတော်မူပါ။ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမနှိပ်စက်ကြပါစေနှင့်။
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
ငါ့သား၊ သင်သည် သင်၏အိမ်နီးချင်းအတွက် အာမခံမိ၍ သူစိမ်းအတွက် တာဝန်ခံမိလျှင်
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
ကိုယ်တော်ကလည်း“ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍“ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍“ဤခွက်ကား ငါ၏သွေး၌တည်သော ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါတိုင်း ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။
ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။