Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ဤ ကား အ ပြစ် ဖြေ လွတ် စေ ရန် လူ အ များ အ ဖို့ သွန်း သော ပ ဋိ ညာဉ် တော် ဆိုင် ရာ ငါ့ အ သွေး တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ဤ​စပျစ်ရည်​သည် လူများစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန်​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား​ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:28
26 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးအနွယ်​၊ ယုဒ​အမျိုးအနွယ်​တို့​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​မည့်​နေ့ရက် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား သတ္တဝါ​၏​အသက်​သည် သွေး​၌​တည်​၏​။ ယဇ်ပလ္လင်​ပေါ်၌ ထို​သွေး​ဖြင့် သင်​တို့​၏​အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန်​အတွက် ငါ​သတ်မှတ်​ပေး​ပြီ​။ အကယ်စင်စစ် သွေး​သည် လူ​တို့​၏​အပြစ်​ကို​ဖြေလွှတ်​ရန်​အတွက်​ဖြစ်​၏​။


သင်​နှင့်​ဖွဲ့​သော​အသွေး​တော်​ပဋိညာဉ်​ကြောင့် ရေ​မ​ရှိ​သော​တွင်း​ထဲတွင်​နေ​ရ​သော​အကျဉ်းသား​တို့​ကို ငါ​လွှတ်ပေး​မည်​။


ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား​ပေး​လျက်“သင်​တို့​အားလုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။


သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခမည်းတော်​၏​နိုင်ငံ​တော်​၌ သင်​တို့​နှင့်အတူ​အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် ယခု​မှစ၍ စပျစ်​သီး​မှ​ဖြစ်​သော​ဤ​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။


အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​များ​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အပြစ်​ကြွေး​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။


ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ တော​ကန္တာရ​၌ ဗတ္တိဇံ​ပေး​ကာ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ဟောပြော​လေ​၏။


ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။


သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။


တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။


ထိုနည်းတူ ညစာ​စား​ပြီးမှ ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပဋိညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။


ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။


လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။


သို့ဖြစ်လျှင် ဘုရားသခင်​၏​သား​တော်​ကို​နင်းချေ​၍ မိမိ​အား​သန့်ရှင်း​စေ​သော​ပဋိညာဉ်​ဆိုင်ရာ​သွေး​တော်​ကို မစင်ကြယ်​သည့်​အရာ​ဟု မှတ်ယူ​လျက် ကျေးဇူး​တော်​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို မထီမဲ့မြင်​ပြု​သော​သူ​သည် မည်မျှလောက် ပို၍​ကြီးလေး​သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သနည်း။


ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်


ခရစ်တော်​သည်​လည်း များစွာ​သော​လူ​တို့​၏​အပြစ်​များ​ကို​ဆောင်ယူ​သွား​ရန် မိမိ​ကိုယ်​ကို​တစ်ကြိမ်တည်း​ပူဇော်​ပြီးမှ ဒုတိယ​အကြိမ်​၌​ကား အပြစ်​အတွက်​မ​ဟုတ်​ဘဲ မိမိ​ကို​စောင့်မျှော်​နေ​သော​သူ​တို့​အား ကယ်တင်​ရန်​အတွက် ပေါ်ထွန်း​တော်မူ​လိမ့်မည်။


ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။


ငါ​က​လည်း “သခင်၊ ကိုယ်တော်​သိ​ပါ​၏”​ဟု ပြန်လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲမှ ထွက်လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​၏​ဝတ်လုံ​များ​ကို သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့် လျှော်ဖွပ်​လျက် ဖြူဖွေး​စေ​ကြ​၏။


ထို့နောက် ငါ​ကြည့်​လိုက်​ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုး​နှင့် ဘာသာ​စကား​အသီးသီး​တို့​မှ မည်သူမျှ​မ​ရေတွက်​နိုင်​သည့်​များစွာ​သော​လူ​အစုအဝေး​သည် ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်ပလွံ​ခက်​များ​ကိုင်ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုးသငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ