ငါ့အမှုကိုပြီးပြည့်စုံစေတော်မူသောဘုရား တည်းဟူသော အမြင့်ဆုံးသောဘုရားသခင်ကို ငါခေါ်၏။
ဟေဗြဲ 7:1 - မြန်မာ့စံမီသမ္မာကျမ်း ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။ Common Language Bible ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။- Garrad Bible ဘု ရင် မင်း တို့ ကို လုပ် ကြံ ရာ မှ ပြန် လာ သော အာ ဗြ ဟံ အား ကြို ဆို လျက် ကောင်း ကြီး ပေး သူ၊ အာ ဗြ ဟံ့ ထံ လက် ရ ဥ စ္စာ ရှိ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ ခံ ယူ သူ ရှာ လင် မင်း၊ မြင့် မြတ် သော ဘု ရား သ ခင့် ပ ရော ဟိတ် မေ လ ခိ ဇေ ဒက် သည် ဦး စွာ ဖြောင့် မတ် ခြင်း ဘု ရင် ဟူ၍ လည်း ကောင်း၊ နောက် ရှာ လင် မင်း တည်း ဟူ သော ငြိမ် သက် ခြင်း ဘု ရင် ဟူ၍ လည်း ကောင်း အ မည် ပ ညတ် ရှိ သည့် ပြင်၊ Judson Bible မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းချီးပေးပြီးလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤမေလခိဇေဒက်သည် ရှာလင်မြို့၏ဘုရင်ဖြစ်ပြီး အမြင့်မြတ်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်၏။ အာဗြဟံသည် ရှင်ဘုရင်များကို အနိုင်ရပြီး အောင်ပွဲခံ၍ ပြန်လာသောအခါ မေလခိဇေဒက်သည် အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။ |
ငါ့အမှုကိုပြီးပြည့်စုံစေတော်မူသောဘုရား တည်းဟူသော အမြင့်ဆုံးသောဘုရားသခင်ကို ငါခေါ်၏။
ကိုယ်တော်၏တဲတော်သည် ဆလင်မြို့၌ရှိ၍ ကိုယ်တော်ကိန်းဝပ်တော်မူရာအရပ်သည် ဇိအုန်၌ရှိ၏။
ဘုရားသခင်သည် သူတို့၏ကျောက်ဆောင်၊ သူတို့ကိုရွေးနုတ်တော်မူသည့် အမြင့်ဆုံးသောဘုရားသခင်ဖြစ်ကြောင်း သူတို့သတိရကြ၏။
သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားသခင်ကို အကဲစမ်း၍ပုန်ကန်ကြ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ
ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
“အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့် အကျွန်ုပ်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ဘုရားသခင်ကိုအမှီပြု၍ ကိုယ်တော်အား အကျွန်ုပ်အလေးအနက်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျှောက်ထားလေ၏။
ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။
အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။
သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။
သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။