ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
ဟေဗြဲ 2:13 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် “ငါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားမည်”ဟူ၍လည်းကောင်း၊ “ကြည့်ရှုလော့။ ငါနှင့် ငါ့အားဘုရားသခင်ပေးတော်မူသောသားသမီးများပေတည်း”ဟူ၍လည်းကောင်း မိန့်တော်မူ၏။ Common Language Bible တစ်ဖန်တုံကိုယ်တော်က``ငါသည်ဘုရားသခင် ကိုကိုးစားမည်'' ဟူ၍လည်းကောင်း၊ ထိုနောက် တစ်ဖန်``ငါသည်မိမိအား ဘုရားသခင်ပေး အပ်ထားသည့်သားသမီးများနှင့်အတူ ရှိ၏'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ Garrad Bible ကိုယ် တော် ကို ငါ အား ကိုး ပါ မည် ဟူ ၍ လည်း ကောင်း၊ ငါ မှ စ၍ ဘု ရား သ ခင် ပေး သ နား တော် မူ သော သား သ မီး တို့ ရှိ ကြ သည် ဟူ၍ လည်း ကောင်း မြွက် ဆို တော် မူ ၏။ Judson Bible တစ်ချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တစ်ဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် “အကျွန်ုပ်သည် ကိုယ်တော်ကို မှီခိုပါမည်” ဟူ၍လည်းကောင်း၊ “ကြည့်လော့။ အကျွန်ုပ်နှင့် အကျွန်ုပ်အား ဘုရားသခင်ပေးတော်မူသော သားသမီးတို့သည် ဤနေရာ၌ အတူရှိကြ၏” ဟူ၍လည်းကောင်း မိန့်တော်မူ၏။ |
ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
ယောသပ်က “သူတို့သည် ဤပြည်၌ အကျွန်ုပ်အားဘုရားသခင်ပေးတော်မူသော အကျွန်ုပ်၏သားများဖြစ်ပါ၏”ဟု ဖခင်အားပြန်ဖြေ၏။ အစ္စရေးက “သူတို့ကို ငါ့နားသို့ ခေါ်လာလော့။ သူတို့ကို ငါကောင်းချီးပေးမည်”ဟု ဆိုလေ၏။
ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချို၊ ငါ၏ခံတပ်၊ ငါ၏မှီခိုရာ၊ ရက်စက်ကြမ်းကြုတ်မှုတို့မှ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
“ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ငါ၏ဘုရားသခင်”ဟု ထာဝရဘုရားနှင့်ပတ်သက်၍ ငါဆို၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။
သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။
အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။