Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 2:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 “အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​၏​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​သီဆို​ပါ​မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သ​ခင်​ယေ​ရှု​က၊ ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​တို့​အား​ပြော​ကြား​ပါ​မည်။ သူ​တို့​၏​အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​မည်'' ဟု​ဘု​ရား​သ​ခင်​အား​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 နာ မ တော် ကို အ ကျွန်ုပ် ညီ တို့ အား ဖော် ပြ ပါ မည်။ ပ ရိ သတ် တော့် အ လယ် တွင် ကိုယ် တော် ကို ချီး မွမ်း ပါ မည် ဟူ၍ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သ​တင်း​တော်​ကို အ​ကျွန်ုပ်​ညီ​အစ်​ကို​တို့​အား အ​ကျွန်ုပ်​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ပါ​မည်​ဟု လာ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ယေရှု​ခရစ်တော်​က “အကျွန်ုပ်​၏​ညီအစ်ကို​မောင်နှမများ​ထံ ကိုယ်တော်​၏ နာမတော်​ကို ပြောကြား​ပါမည်။ စုဝေးကြသော​သူများ​အလယ်​၌ ကိုယ်တော်​အား သီချင်း​ဆို​၍ ချီးမွမ်းပါမည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 2:12
6 ပူးပေါင်းရင်းမြစ်များ  

ဟာလေလုယ​။ ငါ​သည် ဖြောင့်မှန်​သော​သူ​တို့​၏ အစည်းအဝေး​နှင့် လူထုပရိသတ်​အလယ်​တွင် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​မည်​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်​။ လူအစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။


လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ဖုံးကွယ်​မ​ထား​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​အကြောင်း​ကို အကျွန်ုပ်​ပြောကြား​ပါ​ပြီ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​ထိမ်ဝှက်​မ​ထား​ပါ​။


ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။


ကောင်းကင်​ဘုံ​စာရင်း​ဝင်​သော သားဦး​တို့​၏​အသင်းတော်​သို့​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​တရား​စီရင်​တော်မူ​သော ဘုရားသခင်​ထံသို့​လည်းကောင်း၊ စုံလင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ထံသို့​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ