ထို့ကြောင့် ဤပြည်မှ သင်တို့နှင့်သင်တို့ဘိုးဘေးတို့မသိသောပြည်သို့ သင်တို့ကို ငါနှင်ထုတ်မည်။ ထိုပြည်၌ အခြားဘုရားများကို နေ့နေ့ညညအစေခံရမည်။ ငါသည် သင်တို့ကို မျက်နှာသာပေးမည်မဟုတ်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုရမည်။
ဟောရှေ 8:11 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်သည် အပြစ်ဖြစ်စေမည့်ယဇ်ပလ္လင်များစွာကို တည်ကြသောကြောင့် ထိုယဇ်ပလ္လင်များသည် သူအပြစ်ပြုရာ ဖြစ်လာလေပြီ။ Common Language Bible ``အပြစ်ဖြေရန်အတွက်ဣသရေလပြည် သားတို့ယဇ်ပလ္လင်များများတည်ဆောက် လေလေ အပြစ်ပြုရာနေရာများလေလေ ဖြစ်လာလေပြီ။- Garrad Bible ပြစ် မှား ရာ ပြစ် မှား ကြောင်း အ ဖြစ်၊ ယဇ် ပ လ္လင် အ မြောက် အ မြား ကို၊ ဧ ဖ ရိမ် တည် သည့် အ လျောက်၊ ထို ပ လ္လင် များ သည် ပြစ် မှား ရာ ပြစ် မှား ကြောင်း ဖြစ်၏။ Judson Bible ဧဖရိမ်သည် များစွာသောယဇ်ပလ္လင်တို့ကို အပြစ်အဖို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏အပြစ်ဟူ၍ မှတ်ရလိမ့်မည်။ |
ထို့ကြောင့် ဤပြည်မှ သင်တို့နှင့်သင်တို့ဘိုးဘေးတို့မသိသောပြည်သို့ သင်တို့ကို ငါနှင်ထုတ်မည်။ ထိုပြည်၌ အခြားဘုရားများကို နေ့နေ့ညညအစေခံရမည်။ ငါသည် သင်တို့ကို မျက်နှာသာပေးမည်မဟုတ်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုရမည်။
ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
ဂိလဒ်ပြည်သားတို့သည် အပြစ်ဒုစရိုက်ပြု၍ အကျိုးနည်းကြပြီ။ ဂိလဂါလမြို့၌ နွားကို ပူဇော်ကြ၏။ သူတို့၏ယဇ်ပလ္လင်တို့သည်လည်း လယ်ထဲမှ ထွန်ကြောင်းများပေါ်ရှိမြေစာပုံများကဲ့သို့ များ၏။
သူတို့၏လုပ်ရပ်များက သူတို့အား ဘုရားသခင်ထံသို့ ပြန်လာရန် အခွင့်မပေး။ သူတို့၌ ပြည့်တန်ဆာလုပ်လိုစိတ်ရှိသောကြောင့် ထာဝရဘုရားကိုလည်း မသိကြတော့ပေ။
သင်တို့သည် ထိုအရပ်၌ လူ့လက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မရနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။