ယေရမိ 17:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ယု ဒ အ မျို သား တို့ သည်၊ မြင့် လှ သော တောင် ပေါ်၊ စိမ်း လန်း သော သစ် ပင် အ နီး ရှိ၊ ပူ ဇော် ရာ ပ လ္လင် နှင့် တံ ခွန် တိုင် များ ကို အောက် မေ့ ကြ သည့် အ လျောက်၊ ထို လူ မျိုး ၏ မ ကောင်း မှု သည်၊ ကိုယ့် နှ လုံး ပု ရ ပိုက် ပေါ် တွင် လည်း ကောင်း၊ ကိုယ့် ပူ ဇော် ရာ ပ လ္လင် စိန် တောင် များ တွင် လည်း ကောင်း၊ စိန် သွား တပ် သံ က ညစ် ဖြင့်၊ အ က္ခ ရာ ရေး တင် လျက် ရှိ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible1 ယုဒအမျိုး၏အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌လည်းကောင်း၊ ယဇ်ပလ္လင်ဦးချို၌လည်းကောင်း အက္ခရာတင်၍ မှတ်သားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။