ထို့ကြောင့် ရိတ်သိမ်းချိန်တွင် ကောက်ပဲသီးနှံကိုလည်းကောင်း၊ စပျစ်သီးပေါ်ချိန်တွင် စပျစ်ဝိုင်အသစ်ကိုလည်းကောင်း ငါပြန်သိမ်းယူမည်။ သူ့အရှက်ကိုဖုံးပေးသော သိုးမွေးနှင့် ချည်ချောတို့ကိုလည်း ငါချွတ်ပစ်မည်။
သို့ဖြစ်၍ငါသည်ကောက်ရိတ်သိမ်းချိန်တွင် ငါ၏ဂျုံစပါးနှင့်စပျစ်ရည်ကိုလည်း ကောင်း၊ သူဝတ်ရန်ငါပေးထားသောသိုးမွေး နှင့်ချည်ကိုလည်းကောင်းပြန်၍သိမ်းယူမည်။-
ထို့ ကြောင့်၊ ငါ သည် အ သီး အ နှံ ထွက် ချိန် ရာ သီ၌၊ ငါ့ ဆန် စ ပါး နှင့် စ ပျစ် ရည် ရုပ် သိမ်း ခြင်း၊ ခြုံ သင့် ရာ ငါ့ သိုး ချည် နှင့် လျှော် ခြည် နုတ် ယူ ခြင်း ကို စီ ရင်၍၊
သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကိုလည်းကောင်း၊ စပျစ်ရည်လုပ်ရာကာလ၌ ငါ့စပျစ်ရည်ကိုလည်းကောင်း၊ သူ၏ကိုယ်ကို ဖုံးလွှမ်းစရာ ငါ့သိုးမွေးနှင့် ပိုက်ဆန်ကိုလည်းကောင်း ငါသိမ်းယူမည်။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် လက်ကိုဆန့်တန်းပြီး သင့်ကိုဆန့်ကျင်မည်။ သင့်ဝေစုကို လျှော့ချပစ်မည်။ သင်၏ညစ်ညမ်းသောလုပ်ရပ်များကြောင့် သင့်ကိုမုန်းတီးသော၊ သင့်အစားရှက်သော ဖိလိတ္တိသမီးပျိုတို့လက်သို့ သင့်ကိုအပ်လိုက်မည်။
သင့်ကို သူတို့လက်သို့အပ်လိုက်မည်။ သူတို့သည် သင်၏ကွန်းခိုရာကို ဖြိုချပစ်မည်၊ သင်အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။ သင့်အဝတ်များကိုချွတ်၍ လက်ဝတ်ရတနာများကိုယူပြီးလျှင် အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။
သင့်အဝတ်များကို ချွတ်ပစ်ပြီး သင်၏အဖိုးတန်ရတနာတို့ကို သိမ်းယူသွားလိမ့်မည်။
အကြောင်းမှာ မြောက်ဘုရင်သည် ပထမအကြိမ်ထက်များသော စစ်သည်အလုံးအရင်းကို စုရုံး၍ အချိန်တန်သောအခါ လက်နက်အပြည့်အစုံပါသောစစ်တပ်ကြီးဖြင့် အမှန်ချီတက်လာလိမ့်မည်။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
ကောက်နယ်တလင်းများ၊ စပျစ်သီးနယ်ရာကျင်းများသည် သူတို့ကို ကျွေးမွေးမည်မဟုတ်။ စပျစ်ဝိုင်အသစ်သည်လည်း သူတို့အဖို့ လုံလောက်မည်မဟုတ်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။
သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။