Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 သင့်​ကို သူ​တို့​လက်​သို့​အပ်​လိုက်​မည်​။ သူ​တို့​သည် သင်​၏​ကွန်းခိုရာ​ကို ဖြိုချ​ပစ်​မည်​၊ သင်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ သင့်​အဝတ်​များ​ကို​ချွတ်​၍ လက်ဝတ်ရတနာ​များ​ကို​ယူ​ပြီးလျှင် အဝတ်မပါ​အချည်းစည်း ပစ်​ထား​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ငါ​သည်​သင့်​ကို​သူ​တို့​၏​လက်​သို့​အပ်​နှံ မည်။ သူ​တို့​သည်​သင်​၏​မြင့်​သော​တောင်​ကုန်း များ ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက်​ကြ လိမ့်​မည်။ သူ​တို့​သည်​သင်​၏​အ​ဝတ်​အ​စား များ​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို​ယူ ၍ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ထား ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ငါ အပ် နှင်း သည့် အ လျောက် ထို သူ တို့ သည်၊ သင့် ကုန်း နှင့် မြေ တောင် များ ကို မှောက် လှန် ဖြို ဖျက် လျက်၊ သင့် ရ တ နာ နှင့် အ ဝတ် များ ကို ချွတ် ယူ လျက်၊ အ ချည်း စည်း ထား ကြ မည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 သင့်​ကို သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ကု​ဋီ​တိုက်​ကို​ဖျက်၍၊ သင်၏​မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ သင့်​အ​ဝတ်​တို့​ကို ချွတ်၍ လှ​သော​တန်​ဆာ​တို့​ကို လု​ယူ​ပြီး​လျှင်၊ သင့်​ကို အ​ဝတ်​မ​ပေး၊ အ​ချည်း​စည်း​ရှိ​စေ​ခြင်း​ငှာ ပစ်​ထား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:39
13 ပူးပေါင်းရင်းမြစ်များ  

ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။


‘သင်​သည် လမ်းဆုံလမ်းခွ​တိုင်း​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ လူစည်ကား​သော​နေရာ​တိုင်း​တွင် ပူဇော်​ရာ​ကို​တည်​၏​။ ထိုသို့ ဖောက်ပြန်မှားယွင်း​နေ​သော်လည်း အခကြေးငွေ​မယူ​သောကြောင့် သင်​သည် ပြည့်တန်ဆာ​နှင့်​မ​တူ​။


သင့်​အဝတ်​များ​ကို ချွတ်ပစ်​ပြီး သင်​၏​အဖိုးတန်​ရတနာ​တို့​ကို သိမ်းယူ​သွား​လိမ့်မည်​။


သူ​တို့​သည် သင့်​ကို​မုန်း​သဖြင့် သင့်​ချွေးနှဲစာ​ရှိသမျှ​ကို​ယူ​၍ သင့်​ကို အဝတ်မပါ​အချည်းစည်း ပစ်ထား​ကြ​လိမ့်မည်​။ သင်​သည် အရှက်မရှိ ပြည့်တန်ဆာ​လုပ်​ခဲ့​ပုံ​များ​၊ ညစ်ညမ်း​သော​အမှု​ပြု​ခဲ့​ပုံ​များ​၊ ဖောက်ပြန်မှားယွင်း​ခဲ့​ပုံ​များ​ကို ငါ​ဖော်ထုတ်​မည်​။


သို့မဟုတ်လျှင် ငါ​သည် သူ့​အဝတ်​ကို​ချွတ်ပစ်​၍ သူ​မွေးလာ​သော​နေ့​က​ကဲ့သို့ အဝတ်အချည်းစည်း​ဖြစ်​စေ​မည်​။ တောကန္တာရ​ကဲ့သို့ ဖြစ်စေ​၍ ခြောက်သွေ့​သော​မြေ ဖြစ်​စေ​မည်​။ ရေငတ်​သေ​စေ​မည်​။


သူ​တို့​၏​အမိ​သည် ပြည့်တန်ဆာလုပ်​၏​။ သူ​တို့​ကို​ကိုယ်ဝန်ဆောင်​သော​သူ​သည် ရှက်ဖွယ်​သော​အမှု​ကို​ပြု​၏​။ အကြောင်းမူကား သူ​က ‘​ငါ့​အား မုန့်​နှင့်​ရေ​၊ သိုးမွေး​နှင့်​ချည်ချော​၊ ဆီ​နှင့်​ဝိုင်​ကို ပေး​သော​ချစ်သူ​နောက်သို့ ငါ​လိုက်​မည်​’​ဟု ဆို​တတ်​၏​။


ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။


သင်​မြင်​ရ​သော ဦးချို​ဆယ်​ချောင်း​နှင့် သားရဲ​တို့​သည် ထို​ပြည့်တန်ဆာ​ကို​မုန်း​၍ သူ့​ကို​လုံးလုံး​ပျက်စီး​စေ​ကာ အဝတ်မပါ​အချည်းစည်း​ဖြစ်​စေ​ကြ​လိမ့်မည်။ သူ​၏​အသား​ကို​လည်း​ကိုက်စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ